စင်္ကာပူနိုင်ငံသားတစ်ယောက်ကို လုပ်ငန်းရှင် စပိန်အမျိုးသမီး သတ်ဖြတ်မှုနဲ့ ဖမ်းဆီး

စင်္ကာပူ ၊ ဧပြီ ၂၂

အူဒရေ ဖန်း ဆိုသူ စပိန်အမျိုးသမီးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ သံသယရှိတဲ့ စင်္ကာပူနိုင်ငံသားကို စပိန်ရဲတပ်ဖွဲက ဧပြီ ၁၈ရက်နေ့က စပိန်နိုင်ငံ အာလီကန်တေ မြို့မှာ ဖမ်းဆီးလိုက်ပါတယ်။

အသတ်ခံခဲ့ရတဲ့ စပိန်အမျိုးသမီးဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းအများအပြားကို ပိုင်ဆိုင်ထားတဲ့ လုပ်ငန်ရှင်သူဌေးတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

စပိန်သတင်းဌာန လာ ဘဲရဒက် ဿေ မူးရ်က  က သောကြာနေ့  ဧပြီ ၁၉ က ရုံးထုတ်ခဲ့တဲ့  လူသတ်တရားခံ အဖြစ်ဖမ်းဆီးခံထားရတဲ့သူဟာ  အသက် ၄၃ နှစ်အရွယ်  မစ်ရှယ် အွန်း ဖြစ်တယ်လို့ ထုတ်လွှင့်ခဲ့ပါတယ်။

တခြားစပိန်မီဒီယာနှစ်ခုဖြစ်တဲ့ လာ အိုပီနီယွန်းနဲ့ လာဗန်တေ အယ်လ် မယ်ရကန်းတီ ဗာလန်စီယနို တို့က  စင်ကာပူနိုင်ငံသားကို နာမည်အတိုကောက် “OM” ဆိုပြီး ရေးသားခဲ့ကြတယ်လို့ သိရပါတယ်။

တရားခံ အနေနဲ့ အဖမ်းခံထားရတဲ့ မစ္စတာအွန်းဟာ ဧပြီ ၄ရက်နေ့က စပိန်နိုင်ငံကို ရောက်လာခဲ့တာလို့ ရဲတပ်ဖွဲ သတင်းတွေက ဆိုပါတယ်။

သေဆုံးသူ အလောင်းကိုတော့ စပိန်နိုင်ငံအာဘာနီယာမြိုက  လော်ရီကားတွေရပ်နားတဲ့ ကားစခန်းတစ်ခု အနားမှာ ဓားဒဏ်ရာ အချက်၃၀နဲ့ အတူ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တွေ့ရှိတဲ့ နေ့ရက်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။

သူတိုနှစ်ယောက်ဟာ လက်ထပ်ဖို့ ကိစ္စနဲ့ မပြေမလည် ဖြစ်ခဲ့ကြတယ်လို့ ကနဦးရဲစစ်ချက်တွေ အရ သိရပါတယ်။ တရားခံကိုတော့ ဆက်လက်စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်။

Ref: cna

ပုံစာ။ ရုံးထုတ်ရက်မှာ တွေ့ရတဲ့တရားခံ မစ္စတာ အွန်း(ဝဲ)၊ သေဆုံးသူ မစ္စ ဖန်း (ယာ)

Feature Image Credit: EPA, Facebook/Fang Dirou)

Visited 36 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *