WFPက ပေးပို့တဲ့ ရိက္ခာတွေ စစ်တွေရောက် ရှိလာ

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအ စဉ်(WFP)က ပေးပို့တဲ့ စားနပ်ရိက္ခာတွေဟာ ရခိုင်ပြည်နယ်၊စစ်တွေမြို့၊အာကျိတ်တော် ကုန်းရှိ အဓိဋ္ဌာန်ကျောင်းကို မေ လ၁၇ ရက်နေ့က စတင်ရောက်ရှိလာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရ ပါတယ်။

UNICEF Myanmarအနေနဲ့လည်း ပဋိပက္ခ များ၊နေရပ်စွန့်ခွာတိမ်းရှောင်မှုများအပြင် မုန်တိုင်းဒဏ််ပါ ခံစားခဲ့ရတဲ့ ကလေးသူငယ် များနဲ့ မိသားစုများအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးပြီး မရှိမဖြစ်လိုအပ်တဲ့ အကူအညီ တွေ ပေးပို့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မုန်တိုင်းပြီးဆုံးသွားတဲ့အခါ အရေးပေါ် တုန့်ပြန်ရေးအစီအစဉ်တွေ ဆောင်ရွက်နိုင်ဖို့ အတွက် အဆင်သင့်ရှိနေတယ်လို့လည်း သိရပါတယ်။

Visited 36 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *