UEC ဒုညွှန်ချုပ်ဦးစိုင်းကျော်သူကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ YRFအဖွဲ့ဝင် ၁၀ယောက် ဖမ်းမိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိုင်းကျော်သူကိုလုပ်ကြံသတ်ဖြတ်ခဲ့တဲ့ Yangon Revolution Force(YRF) အဖွဲ့ဝင် ၁၀ ယောက်ကို လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစကမှ မေလ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မေလ ၁၂ ရက် နံနက်ပိုင်းက ဦးစိုင်းကျော်သူအား လုပ်ကြံ သတ်ဖြတ်ရာမှာ စက်ဘီးနဲ့ အခြေအနေ ကြည့်ရှုပေးသူ တ ရားခံ အာကာထက် ကျော် (ခ)အောင်သုခကို Glock ပစ္စတို ၁ လက်၊ ၉ မမကျည် ၂၀ တောင့် တို့နဲ့အတူ စမ်းချောင်းမြို့နယ်၊လင်းလွန်းမြောက် ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)မှာ ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးဖော်ထုတ်ချက်များအရ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၁၀)လမ်း၊ အိမ်အမှတ်(၄၀၇)၌ တရားခံ ရဲကျော်ပိုင်(ခ)မောင်ကြီးကို လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁လုံး၊ ၅.၅၆ကျည်၁၀တောင့်၊ ပွိုင့် ၃၈၀ ကျည် ၁၀ တောင့်၊ ၁၂ ဗို့ကျည် ၅တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ရွှေတောင်ကြား (၅)လမ်း၊ အိမ်အမှတ်(၉၆၄၀)၌ တရားခံ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်ကို Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာနှင့်ကော့ဒွန်းကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု တို့နဲ့လည်းကောင်း၊ဦးစိုင်းကျော်သူအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့သူများဖြစ်သည့် တရားခံ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် အား ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဦးထွန်းလင်းခြံလမ်းဆုံတွင် လည်းကောင်း၊ တရားခံ စိုးသူ(ခ)Red(ခ) ကောင်းဝေ အား မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုလဲ ရွှေဝါလမ်းသွယ်(၂)၊ အိမ်အမှတ်(၆၂၀)တွင် Sig Sauer ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၁၁ တောင့်တို့ဖြင့် လည်းကောင်း၊ ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ တရားခံ မင်းဆက်(ခ)အောင်သူဟန် အား မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုဂံလမ်းပေါ်တွင် လည်းကောင်း၊ချစ်ကိုကို အား ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ အနော်ရထာလမ်းမကြီး၊ အိမ်အမှတ်(၇၁၆)တွင် လည်းကောင်း၊ ကျော်လွင်ဦး အား ဒလမြို့ နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ ဖိုးရာဇာလမ်း၊ အိမ်အမှတ် (၂၉၉)တွင် လည်းကောင်း၊မေလ ၁၄ ရက်မှာ ဆက်စပ်တရားခံပန်းအေး(ခ)ကိုမျိုးကို ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ရန်ပြေမာန်ပြေသာမဏေစာသင်တိုက်၌ လည်းကောင်း၊ မေလ ၁၆ ရက်မှာ ဆက်စပ်တရားခံ လပြည့်အိမ်(ခ)ကိုရှိုင်းအားမြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ အဝိုင်းမှတ်တိုင်အနီးတို့မှာ အသီးသီးဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့တရားခံ၁၀ယောက်တို့ကို ပစ္စတို သေနတ်၂ လက်၊ လက်လုပ်သေနတ်ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ကျည်မျိုးစုံ၅၆တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၄ လုံးတို့နဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၎င်းတို့ဟာ UEC ဒုညွှန်ချုပ်ဦးစိုင်းကျော်သူကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မိုင်းထောင်ဖောက်ခွဲမှုနဲ့အခြားပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့တာတွေကိုလည်းဖော်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *