TV Channel များတွင် ဗန်းမော်ဆရာတော်ကြီး၏ ဈာပနအခမ်းအနားကျင်းပပုံကို တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကို MRTV HD Channel ၊ MRTV Farmers’ Channel ၊ MRTV Parliament Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ မဟာဗောဓိရုပ်သံလိုင်း ၊ Buddha Channelတို့တွင်ဇွန်လ(၆) ရက် မွန်လွဲ ၂ နာရီက စ၍ ဗန်းမော်ဆရာ တော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပမည့်အစီအစဉ်များကို တိုက်ရိုက်ထုတ်လွှင့်သွားမည့် အပြင် ဇွန်လ(၇)ရက်နံနက်(၅)နာရီတွင် အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်သဘင်အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ဇွန်လ(၆)ရက် ညနေ ၃ နာရီတွင် ဗန်းမော်တိုက်မှ ၃၉ လမ်းအတိုင်း ၇၃ လမ်ထိလည်းကောင်း ၊ ၇၃ လမ်းအတိုင်း ၃၈ လမ်းထိလည်းကောင်း ၊ ၃၈ လမ်းအတိုင်း ၇၈ လမ်းထိလည်းကောင်း ၊၇၈ လမ်းအတိုင်း ချမ်းမြသာစည်လေယာဉ်ကွင်းထိ လည်းကောင်း ပင့်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ကရဝိက်ဖောင်တော်ယာဉ်ဖြင့်ပင့်ဆောင်၁င လောင်တိုက်ပြာသာဒ်မှာ တေဇောဓာတ်ပူဇော်သွားမည် ဖြစ်ကြောင်း၊တေဇောဓာတ်ပူဇော်ပြီးနောက်အရိုးဓာတ်ပြာတော်အိုးများကို ချမ်းမြသာစည် လေဆိပ်ဟောင်းမှ ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းရှိ ကရဝိက်ဖောင်တော်ရေယာဉ်ပေါ်ပင့်ဆောင်ပူဇော်၍ မြစ်အတွင်းရေမျှောပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။