TikTok မှာ လွန်ခဲ့တဲ့ အနှစ်၂၀က အိုစမာဘင်လာဒင်ရဲ့ “အမေရိကသို့ပေးစာ”ဆိုတဲ့ ပို့စ်တက်လာ

TikTok တာဝန်ရှိသူတွေ အသည်းအသန် လိုက်ဖျက်နေရ

စင်္ကာပူ၊ နိုဝင်ဘာ ၁၇

အစ္စရေးက ဟားမတ်စ်တွေကို အပြင်းအထန် တိုက်ခိုက်နေတဲ့ ကာလမှာ လွန်ခဲ့တဲ့ အနှစ် ၂၀က အယ်လ်ကေးဒါး ခေါင်း ဆောင် အိုစမာ ဘင်လာဒင် ရေးခဲ့တဲ့ “ အမေရိကသို့ ပေးစာ” ဆိုတဲ့ စာတစ်စောင်ဟာ TikTok မှာ တက် လာပါတယ်။ ဒီကိစ္စအတွက် တာဝန်ရှိသူတွေက  လိုင်းပေါ်ကနေ အသည်းအသန် လိုက်ဖျက်ဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

အမေရိကန်တွေကို တိုက်ခိုက်တာဟာ မျှတတယ်ဆိုတဲ့ အကြောင်းတွေကို အသေးစိတ်ရေးထားတဲ့ ၂၀၀၂ခုနှစ်တုန်းက အိုစမာ ဘင်လာဒင်ရဲ့ စာဟာ ဗီဒီယို အက်ပ် အနေနဲ့ TikTop မှာ နိုဝင်ဘာ ၁၆ရက်နေ့က တက်လာခဲ့တာလို့ ဆိုပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲအကြောင်း အချေအတင် ဖြစ်နေတဲ့ အချိန်မှာ  ဒီ နှစ်၂၀ သက်တမ်းရှိတဲ့စာ တစ်စောင်က အခု သီတင်းပတ်မှာပဲ TikTok ပလက်ဖောင်းပေါ်မှာ  ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ မြိုကြီးတွေပေါ်က လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အယ်လ်ကေးဒါးတွေရဲ့    9/11 တိုက်ခိုက် မှုအပြီး မှာ ရေးသားခဲ့တဲ့ အဲဒီစာမှာ အစ္စရေးကို  အမေရိကန်က ထောက်ခံနေတာကို ပြစ်တင်ဝေဖန်ခဲ့ပြီး  ဂျူးမုန်းတီးရေး မှတ်ချက် တွေလည်း ပါတယ်လို့ သိရပါတယ်။

ဘင်လာဒင်ဟာ  ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတုန်း  ၂၀၁၁ ခုနှစ်အရောက် အမေရိကန်စစ်တပ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ရဲ့  သတ်ဖြတ်ခံခဲ့ရပါတယ်။

“ဒီစာပါ အကြောင်းအရာတွေက အကြမ်းဖက်ဝါဒကို ထောက်ခံနေတာမို့ ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေကို ရှင်းရှင်း လင်း လင်း ချိုးဖောက်နေပါတယ်” လို့ TikTok က ပြောဆိုထားသလို  သူတို့ရဲ့ ပလက်ဖေါင်းပေါ်ကို ဘယ်လို ရောက်လာသလည်း ဆိုတာကိုပါ စုံစမ်းနေတယ်လို့ သိရပါတယ်။

Ref:  CAN (Agencies/cm)

Feature Image Credit: TMZ

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *