ဝါရှင်တန်၊ ဧပြီ ၂၄
အမေရိကန် အထက်လွှတ်တော်က လူကြိုက်များလှတဲ့ ဆိုရှယ်မီဒီယာအက်ပ် TikTok ကို သူ့ရဲ့ မိခင်ကုမ္ပဏီ Byte Dance ကနေ ခွဲထွက်ဖို့ ဒါမှမဟုတ် အမေရိကန်ဈေးကွက်ကနေ ပိတ်ပစ်ဖို့ လိုအပ်တဲ့ ဥပဒေတစ်ရပ်ကို ဒီနေ့ ဗုဒ္ဓဟူးနေ့ ဧပြီ ၂၄မှာအတည်ပြုလိုက်ပါတယ်။
အခု အစီအစဉ်ဟာ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို စစ်ရေးအကူအညီအပါအဝင် အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အခုတော့ ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့နောက် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ခုံရုံးကို ဆက်ပြီ တက်သွားပြီလို့ သိရပါတယ်။
ဘေဂျင်းဟာ ဒေတာစုဆောင်းဖို့အပါအဝင် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စူးစမ်းဖို့ခွင့်ပြု ခဲ့တယ်လို့ သံသယ ရှိပြီးတဲ့နောက် အမေရိကန်နဲ့ အခြားအနောက်တိုင်းအရာရှိတွေ အတွက် လူငယ်တွေကြား TikTok ရဲ့ ရေပန်းစားမှုနဲ့ ပတ်သက်ပြီး အချက်ပေးသံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။လက်ရှိ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာ သုံးစွဲသူ သန်း ၁၇၀ အထိရှိနေတာ ဖြစ်ပါတယ်။
ဝေဖန်သူတွေက TikTok ဟာ ပေကျင်း လက်အောက်ခံဖြစ်ပြီး ဝါဒဖြန့်ဖို့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။ တရုတ်အစိုးရနဲ့ ကုမ္ပဏီက ဒီပြောဆိုချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားတယ်လို့ သိရပါတယ်။
အမေရိကန်ဈေးကွက်မှာ ကုမ္ပဏီတစ်ခုလည်ပတ်တာကို တားမြစ်ပိတ်ပင်တဲ့ ရှားရှားပါးပါးခြေလှမ်းကို အစပျိုးနိုင်ခဲ့တဲ့ ဒီ ဥပဒေကြမ်းဟာ ဆီးနိတ်လွှတ်တော်မှာ ၇၉မဲ ၁၈မဲ နဲ့ အားကောင်းမောင်းသန် ထောက်ခံမှုရခဲ့တာ ဖြစ်ပါတယ်။
ဒီ ဥပဒေမူကြမ်းကို သမ္မတ ဂျိုး ဘိုင်ဒန်ကလည်း အတည်ပြု လက်မှတ်ထိုး ပေးလိမ်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။
Ref: AFP
Feature Image Credit: BACKLINCO



