The Voice Myanmar အစီအစဉ်2အဆိုရှင် ကွယ်လွန်

၁၀ ဇန်နဝါရီ၊၂၀၂၄

The Voice Myanmar အစီအစဥ်2ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့တောင်ကြီးမြို့က အဆိုတော် ဂျူဂျူး ဆိုင်ကယ်မတော်တဆဖြစ်ပြီး၊ ဦးခေါင်းခွံအက်ကွဲတဲ့ ဒဏ်ရာနဲ့နေပြည်တော် ဆေးရုံမှာ ဒီကနေ့ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ၇ရက်နေ့ တနင်္လာနေ့ည ၁၀နာရီဝန်းကျင်က တောင်ကြီးမြို့မြကန်သာပန်းခြံရှေ့မှာဆိုင်ကယ် မတော်တဆဖြစ်ခဲ့တာလို့ သူ့ရဲ့သူငယ်ချင်းတွေက ပြောပါတယ်။

“သွေးပေါင်ချိန်က ၂၂၀ ရှိနေတယ်တဲ့။ကြည့်ရတာ သွေးတိုးနေတာမသိဘဲ ဆိုင်ကယ်မောင်းရင်းလေဖြတ်သလိုဖြစ်သလား/ မူးလဲတာလား အဲ့မှာလဲပြီးခေါင်းထိသွားတာပါ။နောက်နေ့ ၈ရက်နေ့ ချက်ချင်းနေပြည်တော်ပို့ကြတာမကယ်လိုက်နိုင်ဘူး”လို့သူ့ရဲ့သူငယ်ချင်းဖြစ်သူကပြောပါတယ်။

အဆိုတော်တာရာရဲ့သားလတ်ဖြစ်တဲ့ဂျူးဂျူးဟာအသက်၃၀အရွယ်​မှာ သေဆုံးခဲ့တာဖြစ်ပြီး၊ တောင်ကြီးမြို့မှာနာရေးပြုလုပ်မယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *