ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးခံရတာလို့သိရ

ဓါတ်ပုံ။ ဖေ့စ်ဘွတ်
ရန်ကုန်၊ ဧပြီ ၂၁
သရုပ်ဆောင် မေပန်းချီ၊အဆိုတော်ရွှေရည်သိန်းတန် တို့ကို မြောက်ဒဂုံရဲစခန်းမှာ ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်လိုက်ပြီး အရေးယူ လိုက်တယ်လို့ သက်ဆိုင်ရာက အတည်ပြုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက ဖမ်းဆီးခံထားရတဲ့ The Voice Journal အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်း ဆွေ ကိုလည်း စမ်းချောင်းရဲစခန်းက ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုနဲ့စပ်လျဉ်းပြီး သူတို့ရဲ့ ဖော်ပြမှု တွေနဲ့ပါတ်သတ်ပြီးဖမ်းခံရတာလို့သိရပါတယ်။

ဓါတ်ပုံ။ ဖေ့စ်ဘွတ်
Visited 18 times, 1 visit(s) today



