ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့် ယုဇနပလာဇာဘေး၊ စပါယ်လမ်း နှင့် နှင်းဆီလမ်းထောင့်နားတွင် ဇွန်လ ၈ရက် နံနက်ပိုင်းကTAXI ယာဥ်မောင်းတစ်ဦးရုတ်တရက်လဲကျသေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါယာဥ်မောင်းတစ်ဦးသေဆုံးသွားကြောင်း ပတ်၀န်ကျင်မှာဖုန်းဆက်အကူညီတောင်းခဲ့တဲ့အတွက် မင်္ဂလာတောင်ညွှန့်လူ လူမူကူညီရေးအသင်းကသွားရောက်ကူညီပေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

“ရုတ်တရက်လဲကျပြီးသေတာက ဘာကြောင့်ဆိုတာ ကျွန်တော်တို့မသိပါဘူး။ကျွန်တော်တို့က ကူညီခဲ့ပြီးရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တာပါ”ဟု မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောသည်။
