ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ်၊ကမ်းနားလမ်းတွင် ယနေ့ ဇွန်လ ၂ ရက်နံနက်ပိုင်းအချိန် Suzuki ကားက ခရီးသည်တင် YBS ကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ယင်းကြောင့် လူ ၃ ဦးဒဏ်ရာရရှိခဲ့သည့်အတွက်အလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

