Super Air Jet A320 ‌လေယာဉ်အင်ဒိုနီးရှားမှာ ပြေးလမ်းချော်

ခရီးသည်နဲ့  လေယာဉ်အမှုထမ်း ၁၇၂ ယောက်စလုံး ဘေးကင်း

ဘေးကင်းကင်းနဲ့ လေယာဉ်ပေါ်က ဆင်းလာတဲ့ ခရီးသည်များ
photo Credit: AirLife

ဝီဒါ ဘေး( အင်ဒိုနီးရှား)၊ မေ ၂၅

အင်ဒိုနီးရှားနိုင်ငံ ဝီဒါ ဘေး လေဆိပ်ကို  မေ ၂၅ နေ့ပိုင်းမှာ ဆင်းသက်ဖို့ ကြိုးစားတဲ့  Super Air Jet Airbus A320 လေယာဉ်ဟာ  ပြေးလမ်းချော်ခဲ့လို့ ပြေးလမ်းအပြင်ဘက် မြေကွက်လပ်ထဲမှာ ဆင်းသက်ခဲ့ရပါတယ်။

အခင်းးဖြစ်ခဲ့တဲ့  လေယာဉ်ဟာPK-STD မှတ်ပုံတင်ထားတဲ့  အဲယားဘတ်စ် A320 ဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ကို ဆင်းသက်တဲ့အချိန်မှာ ပြေးလမ်းက မိုရွာသွန်းထားလို့ အရမ်းစိုစွတ်နေတဲ့ အနေအထားရှိနေပါတယ်။ ဒီလိုနဲ့ ဘီးချလိုက်ချိန်မှာတော့ လေယာဉ်က ပုံမှန်ပြေးလမ်းကနေ ချော်ထွက်ပြီး မီတာ ၃၀လောက်ကွာတဲ့ မြေပျော့ကွက်လပ်ပေါ်မှာ ဘေးကင်းကင်းနဲ့ ရပ်နိုင်ခဲ့ပါတယ်။

လေယာဉ်ရပ်တန့်အပြီးမှာတော့ ခရီးသည်နဲ့  လေယာဉ်အမှုထမ်း ၁၇၂ ယောက်စလုံး ဘာ ဒဏ်ရာမှ မရဘဲ ဘေးကင်းခဲ့ကြတယ်လို့ သိရပါတယ်။

Ref: AirLife

ပုံစာ။ ပြေးလမ်းချော်သွားတဲ့ လေယာဉ်ကို တွေ့ရပုံ

Feature Image credit: AirLife

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *