ဖလော်ရီဒါ၊ ဒီဇင်ဘာ ၁၆
အမေရိကန်စစ်တပ်ရဲ့ X-37B စက်ရုပ်အာကာသယာဉ်ကို SpaceX က သူတို့ရဲ့ သတ္တမမြောက် ခရီးစဉ်အဖြစ် လွှတ်တင် ဖို့အတွက် ဒီဇင်ဘာ ၂၈ ရက် ကြာသပတေးနေ့ကို ပစ်မှတ်ထားထားတယ်လို့ ထုတ်ပြန်ကြေ ငြာလိုက် ပါတယ်။
“အခုတော့ Falcon Heavy ကို ဒီဇင်ဘာ ၂၈ ရက်ထက် မစောဘဲ ဖလော်ရီဒါကနေ ပတ်လမ်းဆီကို USSF-52 နဲ့ လွှတ်တင် ဖို့ ပစ်မှတ်ထားနေပါတယ်” လို့ SpaceX က ဒီဇင်ဘာ ၁၅ရက် သောကြာနေ့က X (တွတ်တာ) မှာ ပို့စ်တစ်ခု တင်လိုက်ပါ တယ်။
ဒီအစီအစဉ်က အရင် ဒီဇင်ဘာ ၁၁ရက် တနင်္လာနေ့နှောင်းပိုင်းမှာ အဲ့ဒိ အာကာသယာဉ်ကို လွှတ်တင်ဖို့ ဖြစ်ပေမယ့် ဖလော်ရီဒါပြည်နယ် Cape Canaveral မှာ ရာသီဉတုတွေ ဆိုးရွားနေလို့ ရက်ရွှေ့လိုက်ရတာ လည်း ဖြစ်ပါတယ်။
SpaceX ဟာ အမေရိကန် အာကာသယာဉ် ထုတ်လုပ်သူ၊ လွှတ်တင်ရေး ဝန်ဆောင်မှုပေးသူ၊ ကာကွယ်ရေး ကန်ထရိုက် တာနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် Hawthorne မှာ ရုံးစိုက်တဲ့ ဂြိုလ်တုဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုပါ။ ကုမ္ပဏီကို Elon Musk က ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အာကာသသယ်ယူပို့ဆောင်ရေးစရိတ်စကတွေကို လျှော့ချဖို့နဲ့ Mars ဂြိုလ်ကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ လက်ရှိမှာ Falcon 9 နဲ့ Falcon Heavy ဒုံးပျံတွေအပါအဝင် Dragon နဲ့ Starship စတဲ့ အာကာသယာဉ်တွေနဲ့အတူအတူ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Source: Reuters
ပုံစာ။ SpaceX အာကာသစခန်း
Feature Image Credit: Space News



