
Photo Credit: Reuters/Brian Snyder
နယူးယော့ခ်၊ မတ် ၁၅
မတ်လ ၁၀ ရက်နေ့က ပြိုကျခဲ့တဲ့ Silicon Valley Bank (SVB) ကို ဝင်ထိန်းနေတဲ့ စီအီးအို အသစ်က Silicon Valley Bankကို စွန့်ခွာသွားတဲ့ ငွေအပ်ခဲ့တဲ့မိတ်ရင်း ဖောက်သည်တွေကို ပြန်လာကြဖို့ ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။
၁၉၈၀ခုနှစ်တွေကစလို့ အမေရိကန်နိုင်ငံ တစ်ဝှမ်းက လုပ်ငန်းသစ်ထူထောင်ချင်တဲ့သူအများစုကို ငွေပင်ငွေရင်း တွေ ထုတ်ချေးပေးခဲ့တဲ့ အဓိကငွေချေးသူဖြစ်တဲ့ Silicon Valley Bank ဟာ အပ်ငွေတွေ ရုတ်တရက် ပြန်ထုတ်ပေးလိုက်ရပြီး ဘဏ်ပါ ပြိုခဲ့ရပါတယ်။
“ဒီဘဏ်အဖွဲ့အစည်းရဲ့ အနာဂတ်ကို ပံ့ပိုးပေးဖို့ သင်လုပ်နိုင်တဲ့ နံပါတ်တစ်အချက်က ကျွန်တော်တို့ရဲ့ အပ်ငွေ အခြေခံကို ပြန်လည်တည်ဆောက်ရာမှာကူညီပေးဖို့ပါပဲ” လို့ အမှုဆောင်အရာရှိချုပ် တင်မ် မယ်ယိုပါလပ်စ် က ပြောဆိုသလို “Silicon Valley Bridge ဘဏ်မှာပဲ အပ်ငွေတွေကို နဂိုအတိုင်း ပြန်လည်လွှဲပြောင်းအပ်နှံခြင်းက နှစ်ဖက်စလုံးအတွက် အထောက် အကူဖြစ်မှာပါ” လို့လည်း ပြောပါတယ်။
တင်မ်ကပဲ ဆင်ပြီး ” အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့နဲ့ သင်တို့ရဲ့ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့ ဆန်းသစ်တီထွင်မှု တွေနဲ့ စီးပွားရေးအရပ်ရပ်ကို ဆက်ပြီး ပံ့ပိုးနိုင်ဖို့ ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဆိုပြီးပြောပါတယ်။
FDIC အစိုးရအာမခံအဖွဲ့အစည်းအနေနဲ့က ပုံမှန်အမြင့်ဆုံးအပ်နှံငွေ သာမာန်ဒေါ်လာ ၂၅၀,၀၀၀ ကျော်အပါအဝင် SVB မှာအပ်နှံမှု အားလုံးအတွက်လည်း အာမခံပေးထားမယ့်အကြောင်း ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Ref: cna