NLDဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် NLDဗဟိုကော် မတီဝင် သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ထုတ်ပယ်

ရန်ကုန်၊မတ် ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၃)ရက်နေ့ နေ့စွဲပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါထုတ်ပြန်ချက်အရ ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင်သုံးဦးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှထုတ်ပယ်လိုက်သည်ဟုသိရသည်။

ဗဟိုအလုပ်အမှုဆောင်ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးဝင်းမြင့်အောင် နှင့် ဦးတိုးလွင် စုစုပေါင်း လေးဦးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ သတင်းဖော်ပြချက်အရ အဖွဲ့ချုပ်၏ မူဝါဒနှင့်ရပ်တည်ချက်များကို ၎င်းတို့က ဆန့်ကျင်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်း မရှိသောကြောင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ပြီး ၎င်းတို့သည် အဖွဲ့ချုပ်ပါတီနှင့် မည်သို့မျှ မသက်ဆိုင်တော့ ကြောင်းကို အသိပေး ကြေညာထားသည်ကိုတွေ့ရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *