NLDပါတီ နာယကကြီး သူရဦးတင်ဦး ဆေးရုံကဆင်းပြီးနောက် ရွှေတိဂုံစေတီတော်ကို သွားဖူး

၁ မတ်၊၂၀၂၄

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက သူရဦးတင်ဦးဟာ ကျန်းမာစွာနဲ့ ဆေးရုံက ဆင်းပြီးနောက် ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမျှော်နေတဲ့ပုံတွေကို ဒီနေ့လူမူကွန်ယက်ပေါ်မှာ ပါတီနဲ့နီးစပ်သူအချို့ကမျှဝေထားပါတယ်။

အသက် ၉၇ နှစ်အရွယ်ရှိ ပြီဖြစ်တဲ့ ဦးတင်ဦးဟာရန်ကုန်အထွေထွေကုဆေးရုံကြီးမှာ ဆေးရုံတက်ကုသနေတာကနေ ပြန်လည်ကျန်းမာလာတာကြောင့် ဖေဖော်ဝါရီက၂၈ရက်နေ့က ဆေးရုံဆင်းခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေဆီကနေ သိရပါတယ်။

သူရ ဦးတင်ဦးဟာ အဖျားရောဂါကြောင့် ဖေဖော်ဝါရီလ၄ရက်နေ့က စတင်ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။

သူရ ဦးတင်ဦးဟာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်”အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို တည်ထောင်ခဲ့ရမှာပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Visited 24 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *