မန္တလေး၊ ဧပြီ ၂
NLDပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် သေဆုံးပြီဆိုတဲ့သတင်းမှာ ကောလာဟလသာဖြစ်တယ်လို့ အကျဉ်းထောင် နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။
“ဦးဝင်းထိန်သေသွားပြီဆိုတဲ့သတင်းက မဟုတ်ပါဘူး။ဦးဝင်းထိန်ဟာလက်ရှိအချိန်မှာ မန္တလေးအိုးဘိုထောင်မှာ အကျဉ်း ကျခံနေရပါတယ်´´လို့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။
NLDပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံခဲ့ရပြီး မန္တလေးအိုးဘို ထောင် မှာ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတယ်လို့လည်း သိရပါတယ်။
Visited 1 times, 1 visit(s) today