NLDနာယကကြီး ဆေးကုသခံယူနေရ

၆ ဖေဖော်ဝါရီ၊၂၀၂၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကဖြစ်သူ သူရ ဦးတင်ဦးကျန်းမာရေးမကောင်းတာကြောင့် ဖေဖော်ဝါရီ ၄ ရက်နေ့က ရန်ကုန်ဆေးရုံသစ်မှာ ဆေးကုသမူခံယူနေရတယ်လို့ ပါတီရဲ့နီးစပ်တဲ့အသိုင်းဝိုင်းကသိရပါတယ်။

အသက် ၉၇ နှစ်အရွယ်ရှီပြီး၊ဆေးရုံတင်ထားရတဲ့အကြောင်းကို သုခကာရီ လူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးရုံပို့ပေးနေတဲ့ပုံကိုတင်ပြီး အသိပေးထားပါတယ်။

“ဘဘဦးတင်ဦး မကျန်းမာလို့ နေအိမ် မှ ရန်ကုန်ဆေးရုံ သစ်သို့ သုခကာရီ မှကူညီပို့ဆောင်ပေးပါတယ်။သုခကာရီ လူမှုကယ်ဆယ်ရေးအဖွဲ့ လိုအပ်ရာသုံးရန် ၅၀၀၀၀ကျပ် ပေးလှူပါတယ်။ဘဘ အမြန်ကျန်းမာပါစေ”လို့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

သူရ ဦးတင်ဦးဟာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်”အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို တည်ထောင်ခဲ့ရမှာပါဝင်ခဲ့သူဖြစ်တယ်လို့

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *