ကယ်လီဖိုးနီးယား၊ မတ် ၇
Boy Ban လို့ ခေါ်တဲ့ ယောင်္ကျားလေးဂီတအဖွဲတွေ ခေတ်ထခဲ့ကာလမှာ အောင်မြင်မှုကြီးခဲ့တဲ့ New Kids On The Block အဖွဲဟာ ၂၀၁၃ခုနှစ် နောက်ပိုင်း အယ်လဘမ် တစ်ချပ်မှ မထွက်ခဲ့ပေမယ့် ဒီနေ့ ဆယ်စုနှစ် တစ်ခုကျော်အကြာ မေလ ၁၇ရက်မှာ သူတို့ရဲ့ အယ်လဘမ်အသစ်ကို ဖြန့်ချိတော့မယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။
အယ်လဘမ်အသစ်ရဲ့ နာမည်ကိုတော့ Still Kids ဆိုပြီး အမည်ပေးထားတယ်လို့ သိရပါတယ်။
ပေါ့ပ်အဖွဲ့ New Kids on the Block ဟာ ၁၁ နှစ်အတွင်း သူတို့ရဲ့ ပထမဆုံးအယ်လ်ဘမ်ကို ဖြန့်ချိတော့မှာ ဖြစ်လို့ ပရိသတ်တွေက အားပေးဖို့ စောင့်နေကြပြီလည်း ဖြစ်ပါတယ်။
အခု အယ်လဘမ် ထဲမှတော့ သူတို့ မူရင်းအဖွဲသားတွေဖြစ်တဲ့ ဂျော်နသန် နိုက်၊ ဂျော်ဒန် နိုက်၊ ဂျိုး မက်ကင်တိုင်ယာ၊ ဒွန်နီ ဝါးဘတ်ခ် နဲ့ ဒန်နီ ဝုဒ် တို့ အားလုံးပါဝင် ဖန်တီးထာတာ ဖြစ်ပါတယ်။ သီချင်းတွေကိုတော့ ဝါးဘတ်ခ်နဲ့ မက်ကင်တိုင်ယာ တို့က ရေးစပ်ထားတာလို့ဆိုပါတယ်။
သူတိုတွေဟာ နှစ်ပေါင်း လေးဆယ်ကျော်ကြာ ဒီနေထိလက်တွဲလာခဲ့ကြတာကလည်း စိတ်ဝင်စားစရာ တစ်ခု ဖြစ်နေပါတယ်။ ဒီအယ်လဘမ်ထဲမှာ ပျော်ရွှင်မှု၊ နက်နဲမှု၊ စိတ်အားထက်သန်မှု၊ အချစ်နဲ့ ကြည်နူးစရာ အကြောင်းအရာတွေ ပါဝင်တယ်လို့သိရပါတယ်။
Ref: Others/Bang Showbiz/kt
ပုံစာ။ အဖွဲရဲ့ ပုံရိပ်တစ်ခု
Feature Image Credit: Rolling Stone



