(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသားခေါင်းဆောင်အချို့ နေပြည်တော်သို့ ရောက်ရှိ

၁၄ အောက်တိုဘာ၊၂၀၂၃

၂၀၂၃ အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော် MICC-2 ၌ ကျင်းပမည့် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူအချို့တို့ နေပြည်တော်သို့ ကြိုတင်ရောက်ရှိနေကြသည်။

NCA လက်မှတ်ရေးထိုးထားသူများထဲမှ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် EAOs ခေါင်းဆောင်များ ဖြစ်သည့် ဦးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဦးမျိုးဝင်း တို့ အောက်တိုဘာလ ၁၃ရက်က ရောက်ရှိနေကြသည်ဟု ထုတ်ပြန်ချက်များအရသိရသည်။

အစိုးရက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-2) ၌ နိုင်ငံရေး အနှစ်သာရရှိရှိ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဟု ပြောဆိုထားသည်။

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *