NCA(၈)နှစ်ပြည့်အခမ်းအနားကို သမ္မတ(ငြိမ်း)ဦးသိန်းစိန် တက်ရောက်ခဲ့ခြင်း မရှိ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် NCA (၈)နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ လ၁၅ရက်မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့ရာ သမ္မတ(ငြိမ်း)ဦးသိန်းစိန် တက်ရောက်ခဲ့ခြင်း မရှိခဲ့ဘူးလို့သိရပါတယ်။

အခမ်းအနားမှာ KNUဥက္ကဌေဟာင်းဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကမိမိတို့ ဆန္ဒကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြရန် သက်ဆိုင်သူအားလုံးကို တောင်းဆိုကြောင်း ပြောကြားခဲ့သလို ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်းသူရဦးရွေမန်းကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)သည် တိုင်းပြည် ငြိမ်းချမ်းရေးအတွက်ရှေ့ပြေး ခြေလှမ်းတစ်ခုဖြစ်ကြောင်းလို့ ပြောကြားခဲ့ပါတယ်။

NCA (၈)နှစ်ပြည့်အခမ်းအနားကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ နစက ဒုတိယ ဥက္ကဋ္ဌ ၊ တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် နစကအဖွဲ့ဝင်များ၊ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်းသူရဦးရွှေမန်းနဲ့ဒုတိယသမ္မတဟောင်းများ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယခင် ဥက္ကဋ္ဌ ဦးသန်းဌေး ၊ လက်ရှိပါတီဥက္ကဋ္ဌ ဦးခင်ရီ၊မြန်မာငြိမ်းချမ်းရေးစင်တာ ယခင်ဥက္ကဋ္ဌဦးအောင်မင်း ၊တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ ၊NCAစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်ထောင်စုဝန်ကြီးများ ၊နိုင်ငံတကာ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်း ဆောင်များနဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်လာတာကို တွေ့ရပါတယ်။

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *