Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရက် ပါတီကနေနုတ်ထွက်

ဘန်ကောက်၊ စက်တင်ဘာ ၁၅

နိုင်ငံရေးလမ်းကြောင်းပိတ်ပင်ခံထားရတဲ့ ပီတ လင်ဂျာရွနFရက်ဟာ Move Forward Party (MFP) ရဲ့ ခေါင်းဆောင် နေရာကနေ နုတ်ထွက်လိုက်ပြီလို့ စက်တင်ဘာ ၁၅ရက် သောကြာနေ့က ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Move Forward ပါတီဟာ မတ်လက ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲမှာ  အမတ်နေရာ အများဆုံး ရခဲ့ ပေမယ့်  ပြုပြင်ပြောင်းလဲရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပီတ ကို ဝန်ကြီးချုပ်ရာထူးအတွက် အထက်လွတ်တော်က အုံနဲ့ ကျင်းနဲ့ ပယ်ချတာကို ခံခဲ့ရပါတယ်။ ဒီနောက်တော့ ပီတဟာ အခုလို ပါတီခေါင်း နေရာကနေ စက်တင်ဘာ၁၅ရက်နေ့မှာ နုတ်ထွက်လိုက်တဲ့ အထိ အကျိုးဆက်တွေ တွေ့လာရတာ ဖြစ်ပါတယ်။

လူငယ်တွေ အများစု့ပါတဲ့  Move Forward Party (MFP) က ရွေးကောက်ပွဲမှာ ထိပ်ဆုံးနေရာကို ဦးဆောင်ခဲ့ပေမယ့် ပါလီမန်မှာ ကွန်ဆာဗေးတစ်အုပ်စုတွေက ပီတကို ဝန်ကြီးချုပ်ဖြစ်မလာအောင် တားဆီးလိုက်ကြသလို နောက်ထပ်လည်း လွှတ်တော်အမတ်နေရာကပါ ရပ်ဆိုင်းခံခဲရပြန်ပါတယ်။

“ပါလီမန်မှာ အသံထွက်နိုင်တဲ့ ပါလီမန်အမတ်တစ်ယောက်အတွက် လမ်းခင်းဖို့ MFP ရဲ့ ပါတီခေါင်း ဆောင်အဖြစ် ကနေ နှုတ်ထွက်ခဲ့တယ်” လို့ Pita က သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်လို့ သိရပါတယ်။

Ref: AFP/kg

ပုံစာအညွှန်းမဲဆွယ်ကာလ ပြီးခဲ့တဲ့ မေလ က ပီတကို တွေ့ရပုံ

Feature Image Credit: AFP

Leave a Reply

Your email address will not be published. Required fields are marked *