Move Forward ပါတီက အစိုးရမဖွဲ့နိုင်တဲ့အတွက် ထောက်ခံသူတွေကို တောင်းပန်စကားဆို

ဘန်ကောက်၊ဩဂုတ် ၂

Move Forward ပါတီဟာ   အစိုးရမဖွဲနိုင်ခဲ့တဲ့အတွက် သူတို့ပါတီကို တစ်ခဲနက် ထောက်ခံပေးခဲ့ကြတဲ့ ထောက်ခံသူတွေ အားလုံးကို ဒီနေ့ တောင်းပန်စကားဆိုလိုက်ပါတယ်။

အဲ့ဒိတောင်းပန်စကားကိုတော့ Move Forward ပါတီဟာ သူဦးဆောင်ခဲ့တဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့မှာ မပါဝင်တော့ ကြောင်း တရားဝင်ပြောလိုက်ပြီးတဲ့ နောက် ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ချိုင်းသာဝပ် တူလေတန် က သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုမျိုး တောင်းပန်စကားပြောခဲ့တာ ဖြစ်ပါတယ်။

ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အောက်လွတ်တော်အတွက် လုံလောက်တဲ့ မဲအရေအတွက်နဲ့ အောင်နိုင်ခဲ့ပေမယ့် အထက် လွတ်တော်ရဲ့ ပိတ်ဆို့ဟန်တားတဲ့ အခြေအနေက  Move Forward ပါတီဟာ   အစိုးရသစ်တစ်ရပ်ဖွဲ့ဖို့ အခွင့်မသာခဲ့ပါဘူး

တစ်ချိန်တည်းမှာပဲ တယ်လီကွန်းသူဌေးကြီးဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တည်ထောင်ခဲ့တဲ့ ဖြူထိုင်းပါတီကတော့ လာမယ့် သောကြာနေ့ ပါလီမန်မှာ ဝန်ကြီးချုပ်နေရာ မဲခွဲဆုံးဖြတ်တာ ခံယူဖို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို အမည်စာရင်းတင်သွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: The Nation & CNA

ပုံစာအညွှန်းMove Forward ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ချိုင်းသာဝပ် တူလေတန် က သတင်းစာ ရှင်းလင်းပွဲမှာ တောင်းပန်စကား ဆိုနေပုံ

Photo Credit: The Nation

Leave a Reply

Your email address will not be published. Required fields are marked *