
Photo Credit: Daniel Knighton/Getty Images
ဝါရှင်တန် ၊ဇန်နဝါရီ ၂
အမေရိကန် ရော့ခ်ဂီတအဖွဲ့ Modest Mouseရဲ့ ဒရမ်မာ ဂျယ်ရယ်မီ ဂရင်း ဟာသူ့ရဲ့ ကင်ဆာရောဂါကို ၂၀၂၂ ဒီဇင်ဘာ ၂၅ရက်ကလူသိရှင်ကြားကြေညာပြီး ရက်ပိုင်းအကြာ ဒီဇင်ဘာ ၃၁ရက် စနေနေ့ မှာပဲ ကွယ်လွန်သွားခဲ့တဲ့ အကြောင်း သူ့မိခင်ဖြစ်သူနဲ့ တီးဝိုင်းအဖွဲသားတွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။
သူဟာ၁၉၉၀ ခုနှစ်တွေထဲ ဝါရှင်တန်ပြည်နယ်မှာအစပျိုး တည်ထောင်ခဲ့တဲ့ အင်ဒီရော့ခ်ဂီတအဖွဲ့ Modest Mouse အဖွဲ့ကို တည်ထောင်ခဲ့သူတွေအထဲက တစ်ယောက်လည်းဖြစ်ပါတယ်။
ဂရင်း တစ်ယောက် မကြာသေးခင်က ကင်ဆာရောဂါရှိနေတာကို သိခဲ့ရအပြီး မဆုံးပါးခင်မှာ ကုသမှုခံယူနေရဆဲလည်း ဖြစ်ပါတယ်။ သူ့ကို ဆုံးပါးသွားစေတဲ့ ကင်ဆာရဲ့ အမျိုးအမည်ကိုတော့ ဒီနေထိ ထုတ်ဖော်ပြောတာမျိုး မရှိသေးပါဘူး။
သူတို့အဖွဲက ဂျယ်ရယ်မီနဲ့ အတူ လာမယ့် ၂၀၂၃ မတ်လရောက်ရင် မက္ကဆီကိုစီတီးမှာ ဖျော်ဖြေဖို့ စီစဥ်ထားပြီးလည်း ဖြစ်ပါတယ်။
ဂရင်းခံစားနေရတဲ့ ကင်ဆာက အဆင့်လေးဆိုတာလောက်ပဲ မိခင်ဖြစ်သူ ကယ်ရိုး နာမာတာမေ က ခရစ္စမတ်နေ့မှာ သူ့ဖေ့စ်ဘွတ်ခ်ကနေ ပြောပြခဲ့ပြီး ကျန်တဲ့ အသေးစိတ်အချက်တွေကိုတော့ ပြောပြတာမျိုး မရှိသေးပါဘူး။
Modest Mouse အဖွဲ့ရဲ့ လူကြိုက်များတဲ့ စင်ဂယ် သီချင်းတွေက “Ocean Breathes Salty” “Dashboard” နဲ့ “Float On” တို့ ဖြစ်ပြီး ၂၀၂၁ခုနှစ်မှာတော့ သူတို့ရဲ့ “The Golden Casket” လို့ နာမည်ပေးထားတဲ့ အယ်လဘမ် နောက်ဆုံး ထွက်ရှိထားခဲ့ပါတယ်။
ဂရင်းရဲ့ နာမည်အရင်းက ဂျယ်ရယ်မီ မာတင် ဂရင်းလို့ ခေါပြီး ၁၉၇၇ခုနှစ် မတ်လ ၄ရက်နေ့မှာ အမေရိကန်နိုင်ငံ ဟာဝါးအိမှာ မွေးဖွားခဲ့ တာဖြစ်ပြီး သူ့ရဲ့ ဂီတသက်တမ်း ၁၉၉ ကနေ ၂၀၂၂အထိ ဒရမ်တူရိယာကို စွဲစွဲလမ်းလမ်း တီးခတ်ခဲ့သူ ဆိုလည်း မမှားဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
Ref: Hollywood Life