၁၀ ဇန်နဝါရီ၊၂၀၂၄
ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ တပ်မတော်ထောက်ခံသူလို့ဆိုကြတွေနဲ့ အမျိုးသားရေးသမားဆိုသူတစ်ထောင်ကျော်ဟာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကို ဒီကနေ့နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။



ဆန့်ကျင်သူတွေထဲမှာ၊ မျိုးချစ်မြန်မာရဟန်းတော်များ၊ အမျိုးသားရေးအင်အားစုများ၊ဝိုင်အမ်ဘီအေအင်အားစုများကဗီနိုင်းများ အလံများ ကိုင်ဆောင်ကာလမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အများသိ ပျံ့နှံ့လာခဲ့တဲ့ဘုရားစေတီတစ်ဆူကို MNDAA လက်နက်ကိုင်တစ်ဦးကတူဖြင့်ထုရိုက် ဖျက်ဆီးနေမှုဗီဒီယိုဖိုင်အပေါ် ရှုတ်ချခဲ့တာလို့ သိရပါတယ်။



လောက်ကိုင်ပွိုင့် ၂၂၀၂တောင်ကုန်းပေါ်က စေတီကို တူနဲ့ထုပြီး ဖျက်ဆီးနေတဲ့ တပ်သားကိုအရေးယူအပြစ်ပေးမှာဖြစ်ပြီး၊ဒီလိုလုပ်တာဟာ MNDAAတပ်ဖွဲ့ကအမိန့်ပေးတာမဟုတ်ဘူးလို့ MNDAA ဘက်ကအသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။



ရုပ်သံဖိုင်တစ်ခု ဇန်နဝါရီလ၈ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တက်လာတာဖြစ်ပြီး၊ ဒီလိုဖြစ်ရပ်အတွက် တောင်းပန်ကြောင်းပါရှိပါတယ်။
ဒီကနေ့ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲကလုံခြုံရေးယူပေးခဲ့တယ်လို့ အနီးနားမှာ ရှိနေသူတွေက ပြောပါတယ်။



