၁၁ နိုဝင်ဘာ၊၂၀၂၃
( ၇၂) ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာအလှမယ် ” အမရာဗိုလ် ဝတ်ဆင်သွားမယ့်” မြန်မာ့ငွေပဒေသာပင် ” အမည်ရှိ National Costumeကိုထုတ်ပြန်ခဲ့ရာ မြန်မာပရိတ်သတ်များ သဘောကြနေတယ်လို့ သိရပါတယ်။


“မြန်မာ့ငွေပဒေသာပင်”လို့အမည်ပေးထားတဲ့ သည်ဝတ်စုံဟာသာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လှူဒါန်းခြင်းဆိုတဲ့ ရိုးရာဓလေ့တစ်ခုကို ချစ်စဖွယ်ပြုမူလေ့ရှိတာကို ပုံဖော်ထားတာ ကြောင့် ဆုရမယ့်ဝတ်စုံဆိုပြီူ ပရိတ်သတ်တွေက ချီးကျူးထားကြပါတယ်။


ကထိန်ကာလမှာ မိမိတိုရဲ့ ချွေးနှဲစာနဲ့ သာသနာပြုပုဂ္ဂိုလ်များကို ငွေပဒေသာပင်များ ပြုလုပ်လှူဒါန်းခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမူ့ကို ဖော်ပြကြတာကို ရည်ညွှန်းတဲ့ ဝတ်စုံလို့Miss Universe Myanmarက အသိပေးထားပါတယ်။
ယခုနှစ်အတွက် အမျိုးသားဝတ်စုံကို မြန်မာအမျိုးသမီးတစ်ဦးရဲ့ ငွေပဒေသာ လှူဒါန်းခြင်းအသွင်အားဝတ်စုံဒီဇိုင်နာ ကိုပြည့်စုံ(Hpa-An) ဖန်တီးထားခြင်းဖြစ်ပါတယ်။