Miss Grand International 2024 ကို မြန်မာမှာ မကျင်းပဖြစ်တော့

၂၃ မေ၊ ၂၀၂၄

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Miss Grand International 2024 ပြိုင်ပွဲကို ဖျက်သိမ်းလိုက်တယ်လို့ Miss Grand Internationalအဖွဲ့က ကြေညာပါတယ်။

Miss Grand International၂၀၂၄ ကို အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အလှည့်ကျ ကျင်းပဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

Miss Grand Myanmarရဲ့နေရှင်နယ်ဒါရိုက်တာကတော့ သူရဲ့လူမူကွန်ယက်သာမျက်နှာကနေတဆင့် အသိပေးပေးထားပါတယ်။

“ဆုံးရှုံးမှုတွေ အများကြီး ငွေကြေးတွေများစွာ သိန်းကိုထောင်လတ်အပိုင်းထိရော အပါအဝင် ကြားထဲက စွန့်လွတ်ခဲ့တာပါ။လုပ်ငန်းရှင်များ လည်း ခဏစောင့်ပေးပါ။အဆင်ပြေအောင် ရှင်းပေးပါ့မယ်ဗျ။ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကို အားလုံး သဘောကျနိုင်ပါစေ”လို့အသိပေးထားပါတယ်။

Miss Grand International တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ် (Honduras) အလှမယ်ဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြိုင်ပွဲကနေ နုတ်ထွက်သွားတယ်လို့ သိရပါတယ်။

Miss Grand International 2024ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အသက်၁၇နှစ်အရွယ် အလှမယ် သဲစုငြိမ်းက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြိးပြီး ပြီးခဲ့တဲ့နှစ်က မြန်မာကိုယ်စားပြုဝင်ရောက်ခဲ့တဲ့ အလှမယ် နီနီလင်းအိမ်ကMiss Grand International 2023 1st runner up နီဆုရရှိခဲ့တာဖြစ်ပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *