ဗီယက်နမ်နိုင်ငံ၊ဟိုချီးမင်းမြို့မှာ အောက်တိုဘာ၂၅ရက်ညပိုင်းက ကျင်းပခဲ့တဲ့ Miss Grand International 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် နီနီလင်းအိမ်က1st Runner-Upဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
Miss Grand International 2023 ပြိုင်ပွဲရဲ့ နောက် ဆုံးဆန်ခါတင် ၁၀ဦးစာရင်းကို မြန်မာ၊ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှား၊အမေရိကန်၊ပီရူး၊ကိုလံဘီယာ၊နယ်သာလန်၊ဒိုမီနီကန်နဲ့အန်ဂိုလာနိုင်ငံတို့က အလှမယ်တွေ တက်ရောက်လာခဲ့ပြီး ပြိုင်ပွဲရဲ့ Top5 Final List စာ ရင်းကိုတော့ မြန်မာ၊ဗီယက်နမ်၊အမေရိကန်၊ ကိုလံဘီယာနဲ့ပီရူးနိုင်ငံတို့က တက်ရောက်လာခဲ့ပြီး မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ် နီနီလင်းအိမ်က 1st Runner-Upဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။


Miss Grand International 2023 ပြိုင်ပွဲမှာ 4th Runner-Up ဆုကို ဗီယက်နမ်အလှမယ်၊ 3rd Runner-Up ဆုကို အမေရိကန်အလှမယ်၊2nd Runner-Upဆုကို ကိုလံဘီယာအလှမယ်၊1st Runner-Upဆုကို မြန်မာနိုင်ငံကိုယ် စားပြုအလှမယ် နီနီလင်းအိမ်နဲ့ Winnerဆုကိုတော့ ပီရူးအလှမယ် တို့က ရရှိခဲ့ကြပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်နီနီလင်းအိမ်ဟာ နိုင်ငံပေါင်း (၇၀)ကျော်က အလှမယ်တွေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ Miss Grand International 2023 ပြိုင်ပွဲမှာ နောက် ဆုံးဆန်ခါတင်(၂၀)ဦးစာရင်း၊(၁၀)ဦးစာရင်းနဲ့(၅)ဦးစာရင်းတို့မှာ ရွေးချယ်ခံခဲ့ရတဲ့အပြင် Titleဆူများဖြစ်တဲ့ 𝗖𝗼𝘂𝗻𝘁𝗿𝘆’𝘀 𝗣𝗼𝘄𝗲𝗿 𝗼𝗳 𝘁𝗵𝗲 𝗬𝗲𝗮𝗿 နဲ့ 𝗠𝗶𝘀𝘀 𝗣𝗼𝗽𝘂𝗹𝗮𝗿 𝗩𝗼𝘁𝗲 တို့ကိုလည်း ဆွတ်ခူးရရှိထားပြီး ဖြစ်ပါတယ်။