တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့၊Korea Press Center မှာ နိုဝင်ဘာလ၂၉ရက်က ကျင်းပခဲ့တဲ့ အခမ်း အနားမှာကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ကို Korea Consumer Global Councilက “ 2023 Best Ambassador Award” အကောင်းဆုံးသံအမတ်ဆု(၂၀၂၃)ကို ပေး အပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။



သံအမတ်ကြီးဦးသန့်စင်ဟာ ကိုရီးယားသမ္မတနိုင်ငံမှာ သံ တမန်အခန်းကဏ္ဍ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ Korea Consumer Global Council ကို စဉ်ဆက်မပြတ် ကူညီ ဆောင်ရွက်ပေးခဲ့ခြင်းနဲ့ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ခဲ့ခြင်းတို့ကြောင့် ဆုကိုရရှိခဲ့တာဖြစ်တယ်လို့ Korea Consumer Brand Awards Committee ရဲ့ဥက္ကဋ္ဌဖြစ်သူ Mr. Kim Cheol-ho က ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီး ဦးသန့်စင်ကလည်း Best Ambassador Award ကိုလက်ခံရယူပြီးနောက် ဒီဆုဟာ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုခိုင်မာစေရန် အားဖြည့်ပေးခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံရဲ့ Polytechnic University နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ် ကြောင်း၊ သံတမန်ကဏ္ဍ၊ စီးပွားရေး နှင့် ယဉ်ကျေးမှု နယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်မှုများကို Korea Consumer Global Council နှင့်အတူ ဆက်လက် ပူး ပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကို ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။
မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်အတူ ဖိလစ်ပိုင်နိုင်ငံနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတို့က သံအမတ်ကြီးများကိုလည်း 2023 Best Ambassador Award ဆုများကို အပ်နှင်းခဲ့တယ်လို့ သိရှိရပါတယ်။



