KBZPayအကောင့် များ Loginဝင်ဖို့ အခက်အခဲများဖြစ်ပေါ်နေ

မြန်မာနိုင်ငံအတွင်းသုံးစွဲနေတဲ့ KBZPay အကောင့်များ Login ဝင်ဖို့ အခက်အခဲများ ဇူလိုင်၁၇ရက် ညနေပိုင်းမှ စတင်ဖြစ်ပွားနေတယ်လို့ KBZPay သုံးစွဲနေသူတွေဆီက သိရပါတယ်။

KBZPayအသုံးပြုနေသူပြည်သူတစ်ဦးက“ဒီနေ့ညနေပိုင်းမှာ ဖုန်းငွေဖြည့်ဖို့အတွက် Topupထဲဝင်တာ ဝင်မရဘူးဖြစ်လို့ KBZPayCustomer Serviceကိုဖုန်းဆက်မေးတာ ၅မိနစ်ကျော်ထိစောင့်တယ် မအားသေးဘူးဖြေနေတယ်။KBZPay Facebook Messengerကနေလည်း လှမ်းမေးတယ်။ခုထိပြန်မဖြေသေးဘူး´´လို့ ပြောပါတယ်။

ဇူလိုင်လ၁၇ရက်ညနေ၇နာရီကျော် KBZPayရဲ့ တရားဝင် Facebookစာမျက်နှမှာတော့ “လေးစားအပ်ပါသော KBZPay အသုံးပြုသူ Customer များယခုအချိန်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် KBZPay အား Log In ဝင်ရောက်ရန် နှင့် အသုံးပြုရာတွင် အခက်အခဲရှိနိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ပြီး ဝန်ဆောင်မှုများအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ပါက အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပြီး နားလည်ပေးမှုအတွက်ကျေးဇူးတင်ရှိပါသည်။ ´´လို့ ရေးသားဖော်ပြထားပါတယ်။

KBZPayအနေနဲ့ ဘယ်အချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ သုံးစွဲရန်အဆင်မပြေမှုတွေကို ဖြေရှင်းပေးမလဲဆိုတာကို သဲသဲကွဲကွဲ မပြောပြသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *