KBZ Pay အကောင့်များကို အကြောင်းမဲ့ သက်သက် မပိတ် ဟု ဆို

လူမှုကွန်ရက်ပေါ်တွင် KBZ Pay အကောင့်များကို ပိတ်ပင်မှုများပြုလုပ်နေကြောင်း ရေးသေားပြောဆိုပြီးနောက် KBZ Pay အကောင့်များကို အကြောင်းမဲ့ သက်သက် မပိတ် ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်း သတင်းမီဒီယာများအား ထုတ်ပြန်ပြောဆိုလိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် “ငွေစာရင်းပိတ်သိမ်းခြင်းကို တရားရုံးအမိန့်အရသာ ဆောင်ရွက်ခွင့်ရှိပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေတို့အရ သက်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် ငွေစာရင်းယာယီတားဆီးရန် အာဏာပိုင်အဖွဲ့အစည်းများမှ အကြောင်းကြားလာပါက ဆောင်ရွက်ပါတယ်။ အကြောင်းအရင်းမရှိဘဲ ဆောင်ရွက်အရေးယူခြင်းမရှိပါ”ဟု ရေးသားဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *