KBZ ရဲ့ Core Banking စနစ်အဆင့်မြှင့်တင်နေချိန် အွန်လိုင်းဘဏ်ဝန်ဆောင်မှုအချို့ ၆ရက်ခန့် အသုံးပြု နိုင်မှာမဟုတ်

ရန်ကုန်၊ ဧပြီ ၆

KBZ ဘဏ်ရဲ့ Core Banking စနစ်အဆင့်မြှင့်တင်မှာ ဖြစ်လို့ ဘဏ်အကောင့်ဝန်ဆောင်မှု တချို့ကို ယာယီအသုံးပြုမှာ မဟုတ်ဘူးလို့ KPZ Pay က အသိပေးထားပါတယ်။

မနက်ဖြန် ဧပြီလ ၇ရက်နေ့ ည သန်းကောင်က ကစလို့ ဧပြီလ ၁၂ ရက်နေ့ မနက် ၁၁ နာရီထိလုပ်ဆောင်မှာ ဖြစ်ပါတယ်တဲ့။

ဘဏ်အကောင့်ကို ယာယီအသုံးမပြုတဲ့အချိန်မှာ KBZ Pay ရဲ့ တခြားဝန်ဆောင်မှုတွေ ဖြစ်တဲ့ ငွေပေးချေတာ ၊ ငွေလွှဲတာ ၊ ဖုန်းငွေဖြည့်တာ ၊ အကောင့်ထဲကငွေထုတ်ယူတာတွေကိုတော့ ဆက်ပြီးတော့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း KBZ Bank ရဲ့ အွန်လိုင်းဘဏ် ဝန်ဆောင်မှုတွေ(iBanking နဲ့ mBanking)၊ Debit နဲ့ Credit Card ဝန်ဆောင် မှုတွေအပြင် တချို့သော ATM စက်တွေနဲ့ KBZ Pay ဝန်ဆောင်မှုတွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထား တာပါ။

အဲဒီလို အဆင့်မြှင့်တင်တာနဲ့ ပတ်သက်ပြီးတော့လည်း Customer တွေရဲ့ အချက်အလက်တွေကို တောင်းခံတာမျိုးမလုပ် ဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *