Gym အတူဆော့ခဲ့သူသူငယ်ချင်းက အနုကြမ်းစီးမှု ရန်ကုန်တွင်ဖြစ်ပွါး

၃၁ ဒီဇင်ဘာ၊၂၀၂၃

နေအိမ်ကိုဝင်ထွက်သွားလာနေတဲ့သူက သူငယ်ချင်းဖြစ်သူရဲ့အမေကို ဓားနဲ့အချက်ပေါင်း၃၀ကျော်

ထိုးပြီးအနုကြမ်းစီးမူတစ်ခု ရန်ကုန်မြို့မှာဒီဇင်ဘာလ၃၀ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဓားနဲ့အထိုးခံရသူရဲ့မိသားစုဝင်တွေဆီက သိရပါတယ်။

ဓားနဲ့ထိုးခံခဲ့ရတဲ့ အမျိုးသမီးဟာလည်ပင်းပြတ်ရှဒဏ်ရာ၊အဆုတ်ဓားထိဒဏ်ရာ၊ဝမ်းဗိုက်ပြင်းထန်ဒဏ်ရာတွေနဲ့အရေးပေါ်ကုသမူခံယူနေရပြီး၊ကျူးလွန်သာအမျိုးသားကိုဖမ်းမိထားတယ်လို့ ဒဏ်ရာရရှိခဲ့သူရဲ့သားက အသိပေးထားပါတယ်။

“သူကသူ့အဖော်တစ်ဦးနဲ့ အိမ်ကိုလာကြောင်းသိရပါတယ် အမေက ဖုန်းယူပေးတဲ့အချိန်ပါလာတဲ့စတီးဓားနဲ့ စထိုးတယ်လို့လဲ သိရပါတယ် အခု လက်ရှိ ခန့်ငြိမ်းဖြိုးကို ဖမ်းမိထားပါတယ်။နောက်ထပ် အဖော်တစ်ဦး က လွတ်မြောက်နေပါတယ်။ရန်ငြိုးရန်စ ရှိရလောက်အောင်အထိ စကားသံမာမာတောင် မပြောဖူးပါဘူး အချင်းချင်း နောက်ပြီး ကျွန်တော်က သူ့အကူအညီလိုနေတဲ့အချိန် ပိုက်ဆံထုတ်ပေးပြီး ကူညီပေးထားတာပါ။အဲ့အတွက် ဘာကြောင့်လုပ်လဲ ဘာလိုချင်လိုလုပ်လဲ သေချာသိချင်ပါတယ် စဉ်းစားလို့လဲ မရပါဘူး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ် “လို့ကျူးလွန်ခံခဲ့ရသူရဲ့သားကလူမူကွန်ယက်ပေါ်ကနေတဆင့်အသိပေးထားပါတယ်။

ဖြစ်ပွားခဲ့ဖြစ်စဥ်မှာ ဓားနဲ့အထိုးခံရသူရဲ့သားနဲ့ကျူးလွန်သူအမျိုးသားတို့ဟာGymအတူဆော့ရင်းလွန်ခဲ့တဲ့တနှစ်ကျော်က ခင်မင်ခဲ့ရာကတဆင့် သူငယ်ချင်းဖြစ်သူနေအိမ်မှမရှိခင် အခြားသူတစ်ဦးနဲ့ပူပေါင်းကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *