G20 ထိပ်သီးအစည်းအဝေးကို ပွဲဆူအောင် မလုပ်ဖို့ တရုတ်ကို အမေရိကန် သတိပေး

ဂါလဝန်တောင်ကြားမှာ စစ်ရေးတင်းမာခဲ့စဥ်က
 Photo Credit: The Print

ဝါရှင်တန်၊ စက်တင်ဘာ ၆

လာမယ့် G 20 ထိပ်သီး ခေါင်းဆောင်အစည်းအဝေးမှာ ပွဲဆူအောင် ဘာနှောင့်ယှက်မှုကိုမှ လုပ်ဖို့ တရုတ်ကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က  တရုတ်အနေနဲ့ အိန္ဒိယနဲ့ သူ့တို့ရဲ့  ပြဿနာတွေကို ဘေးဖယ် ထားပြီး လာမယ့်  G20 ထိပ်သီးအစည်းအဝေးမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့  တရုတ်ကို တောင်းဆို ထားတယ်လို့ သိရပါတယ်။

မစ္စတာ ဆူလီဗန် က မှန်ကန်တဲ့ အပြုသဘောဆောင်လမ်းကြောင်းကို ရွေးချယ်မှာလား လမ်းလွဲကိုလျှောက်မှာလား ဆိုတာ ကလည်း တရုတ်နိုင်ငံရဲ့ အပေါ် မှာပဲမူတည်တယ်လို့ ပြောပါတယ်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က  အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ တရုတ်ဘက်က အတည်ပြုပြီးတဲ့ နောက် ဒီမှတ်ချက်စကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်  စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်အထိ  မြို့တော်ဒေလီမှာ  ထိပ်သီးဆွေးနွေးပွဲကို လက်ခံ ကျင်းပတော့မှာ ဖြစ်ပါတယ်။

တရုတ်ဘက်ကတော့ သူတို့ ဝန်ကြီးချုပ် လီချင်း ကပဲ ထိပ်သီးအစည်းအဝေးမှာ သူ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တက်ရောက်မယ် လို့ ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနဲ တရုတ်တို့ဟာ  အေးခဲတဲ့ ဆက်ဆံရေးရှိနေပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ အနေနဲ့ ၂၀၂၀ခုနှစ်မှာစ ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံလုံးနဲ့  ထိစပ်နေတဲ့ ဂါလဝန်ချိုင့်ဝှမ်း ပြသနာမှာ နှစ်ဖက် အသေအပျောက်များခဲ့တဲ့ တိုက်ပွဲ ကစလို့ နှစ်ဘက် တင်းမာမှုတွေ ကြီးလာခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုရဲ့ အရင်းအမြစ်ဟာ  ဟိမဝန္တာတောင်တန်းတစ်လျှောက် အငြင်းပွားနေဆဲ ဖြစ်တဲ့ ၃၄၄၀ ကီလိုမီတာ (မိုင် ၂,၁၀၀) လောက် ရှည်လျားတဲ့ နယ်စပ်ပိုင်ဆိုင်မှာ အငြင်းပွား ပြသနာပဲ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်ကြားက တင်းမာမှုတွေက ထိပ်သီးအစည်းအဝေးကို လွှမ်းမိုးနိုင်မလားလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တစ်ယောက်  မစ္စတာ ဆူလီဗန်ကို မေးတဲ့အခါ “ဒါဟာ တရုတ်နိုင်ငံအပေါ် မူတည်တယ်”ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *