Fitex(Myanmar)အထည်ချုပ်စက်ရုံကနေ အလုပ်သမား ၄၀၀ကျော်ကို သင်္ကြန်ပိတ်ရက်အကြောင်းပြ အလုပ်ထုတ်

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန် ၊ဦးအောင်သူလမ်း၊အမှတ် ၁၀၇/၁၀၈မှာ ရှိတဲ့Fitex (Myanmar) Garment Manufacturing Co.,Ltd အထည်ချုပ်စက်ရုံကနေ အလုပ်သမား (၄၀၀)ကျော်ကို အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)ကနေ သိရပါတယ်။

အဖွဲ့ချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ စက်ရုံမှာအလုပ်သမားတစ်ဦးက “ကျွန်မက ဖစ်တက် (မြန်မာ)အထည်ချုပ်စက်ရုံ စက်ချုပ်အလုပ်သမား တစ်ဦးဖြစ်ပါတယ် ၁၃.၃.၂၀၂၃ ‌ေနေ့လည် ၂နာရီ လောက်ကလုပ်သက် ၃လ၊၆လ၊ မပြည့်သေးတဲ့ အလုပ်သမားများကို ပိတ်ပြီးဆိုတဲ့အကြောင်း စူပါ လီတာတွေကမှတစ်ဆင့် ပြောပါတယ် ကျွန်မတို့ကို ၃လပိုင်း ၁၃ရက်မှ ၄လပိုင်း၁၂ထိဆင်းရမယ်ပြောပါသည်စက်ရုံမှနိုးတစ်စာလည်းမကပ်အလုပ်သမားတွေကိုပွင့်လင်းမြင်သာမှုမရှိပဲအလုပ်ရှင်မှအလုပ်သမားတွေကိုသက်ြန်ပိတ်ရက်ခပေးရမှဆိုတဲ့အတွက်အလုပ်သမား(၄၀၀)ကျော်ကိုအလုပ်ဖြုတ်ပစ်ခဲ့ပါတယ်ဒီပုံစံအတိုင်း၂၀၂၂နှစ်တုန်းကလည်းသက်ြန်ပိတ်ရက်ခမပေးချင်တဲ့အတွက်အခုပုံစံအတိုင်းပဲအလုပ်ရှင်ကလူပါးဝပြီးစက်ရုံပိတ်ခဲ့ပါတယ်၂လပိုင်းတုန်းကဆိုရင်စနေ့တနဂ်နွေအလုပ်ပိတ်ပေးပြီးလုပ်သက်၂လမပြည့်သေးတဲ့အလုပ်သမားတွေကိုဒေးကြေး၄၈၀၀မပေးပဲဖြတ်တောက်ပါတယ်အထည်ကြေးတွေကိုလည်းရာခိုင်းနှုန်းမပြည်ဘူးဆိုပြီးစက်ရုံမှူးနဲ့စကားပြန်မအေးနွယ်မှဖြတ်တောက်ပါတယ်ကျွန်မတို့အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်ပင်မဲ့ အလုပ်ရှင်တွေရဲ့လူပါးဝမှုတွေကို ပြည်သူတွေသိ စေချင်ပါတယ်ရှင်” လို့ ရေးသားဖော်ပြထားပါတယ်။

Fitex (Myanmar) Garment Manufacturing Co.,Ltd အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး AMISU ကုန်အမှတ်တံဆိပ် အဓိကထားချုပ်လုပ်နေတဲ့စက်ရုံဖြစ်ကာ စက်ရုံမှာ အလုပ်သမား၇၀၀ ကျော်နဲ့စက်လိုင်း ၁၀လိုင်း ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *