Facebook နှင့် Messenger အပါအဝင် Meta ၏ လူမှုကွန်ရက်များ တကမ္ဘာလုံးအတိုင်းအတာဖြင့် ခေတ္တ ပြတ်တောက်သွား

◼️ယခုပြန်လည်အသုံးပြု၍ရ

၅ မတ်၊၂၀၂၄

Meta ကုမ္ပဏီ၏ လူမှုကွန်ရက်များဖြစ်သည့် Facebook, Instagram , Messenger နှင့် Threadsတို့ အချိန် တနာရီခန့်နီးပါး ယနေ့ ညတွင် ပြတ်တောက်သွားသည်။

ည ၁၀ နာရီခန့်တွင် တကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ကာ Facebook User များ၏ ၇၃ ရာခိုင်နှုန်းမှာ အကောင့်ဝင်မရခြင်း၊ ၁၇ ရာခိုင်နှုန်းမှာ အပ်ပလီကေးရှင်းသုံးစွဲမရခြင်းဖြစ်ခဲ့ကြသည်။

Meta ကုမ္ပဏီပိုင်ရှင် Mark Zukerbergက စိတ်အေးအေးထား၍ အချိန်ခတ္တစောင့်ဆိုင်းရန် ပြောဆိုခဲ့သည်။ Meta ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် Andy Stone ကလည်း “ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ဝန်ဆောင်မှု ပလက်ဖောင်းတွေမှာ လူထုတွေ အသုံးပြုမရတာကို သိရှိပါတယ်။ အခုအဲဒါကို ပြန်လည်ပြင်ဆင်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

နောက်ဆက်တွဲအနေဖြင့် Meta ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် ထိုးကျကြသွားခဲ့ရသည်။

ယခုတွင် ပြန်သုံး၍ ရနေပြီဖြစ်သည်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *