BTS ကြယ်ပွင့် J-Hope လာမယ့် မတ်လမှာ  သီချင်းသစ်တွေ ထွက်ဖို့ရှိ

ဆိုးလ်၊ ဇန်နဝါရီ ၁၁

အသက် ၃၀အရွယ် K-pop ကြယ်ပွင့်ဟာ အခုအနှစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ စမယ့် သူ့ရဲ့  Hope on the Stage Tour ကို ကြေငြာအပြီး မကြာခင်မှာ သီချင်းသစ်တွေ ထွက်ဖို့ရှိတယ်လို့ အင်တာဂရမ်မှာ တင်လိုက် ပါတယ်။

သူ့ရဲ့  2025 Hope on the Stage တစ်ကိုယ်တော်ကမ္ဘာလှည့်ဖျော်ဖြေပွဲကို  ကြေငြာပြီး နာမည်ရင်း Jung Ho-seok လို့ခေါ်တဲ့ ကြယ်ပွင့်အဆိုတော်က အခုလို ပရိသတ်ကို ချပြလိုက်တာဖြစ်ပါတယ်။

သူက၂၀၂၄ အောက်တိုဘာအထိ  မဖြစ်မနေစစ်မှုထမ်းတာဝန်ကို ၁၈ လကြာတာဝန်ထမ်းဆောင်ပြီးတဲ့နောက် ဒါ ပထမဆုံးတေးဂီတထွက်ရှိမှုအထိမ်းအမှတ်လည်းပဲ ဖြစ်ပါတယ်။

သူ့ရဲ့ တေးအယ်လဘမ်ကို အမေရိကန်နိုင်ငံမှာ အသံသွင်းခဲ့တာလို့လည်း သိရပါတယ်။

Ref: CNA

ပုံစာ။ အဆိုတော် J-HOPE

Feature Image Credit: AP Photo/Lee Jin-man

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *