၂၀၂၃ဇူလိုင်လကုန်မှာထုတ်ဝေမယ့် နှစ်သောင်းတန်ရဲ့ ပုံစံကို မြန်မာနိုင်ငံဗဟိုဘဏ်က ဒီကနေ့ ဇူလိုင်၂၃ရပ်မှာ အသိပေးလိုက်ပါတယ်။
အရေအတွက် အကန့်အသတ်နဲ့ထုတ်ဝေမယ်လို့လည်း ဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ်။
နှစ်သောင်းကျပ်တန်ထုတ်ဝေရတာက နေပြည်တော်မှာတည်ထားကိုးကွယ်နေတဲ့ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အပြင် ပြီးခဲ့တဲ့၂၀၂၂ ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော် “ရဋ္ဌနန္ဒက” ရဲ့ တစ်နှစ်ပြည့်မွေးနေ့အဖြစ်နဲ့ပါ ထုတ်ဝေတာလို့ဆိုထားပါတယ်။

တစ်ဖက်မှာလဲ ငွေကြေးဖောင်းပွမှုနဲ့အတူ ဝိသမလောဘသားတွေရဲ့ စျေးကစားမှုတွေကြောင့် ကုန်စျေးနှုန်းပိုတက်လာမှာလားဆိုတဲ့စိုးရိမ်တာတွေလည်းရှိနေပါတယ်။


