Breaking News

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်နဲ့ ဒီနေ့ ထောင်ကလွတ်လာ

၁၈ ဖေဖော်ဝါရီ ၊၂၀၂၄

ထိုင်းစစ်တပ်အာဏာသိမ်းချိန် ၂၀၀၈ ခုနှစ် ဇူလိုင် ၃၁ ရက်ကတည်းက ပြည်ပကို ၁၅ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၂၃ ဩဂုတ် ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံတွင်း ပြန်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဒီနေ့ မနက်ပိုင်းက ခံဝန်နဲ့ ထောင် (ဆေးရုံ)ကနေ ပြန်လွတ်လာပါတယ်။

ထိုင်းဘုရင်က သူ့ရဲ့ အသနားခံစာအပေါ် ထောင်ဒဏ် ၈ နှစ်ကနေ တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့တာရှိပြီး၊ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ၆ လတာ အချုပ်ကျခံခဲ့ရပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ခံဝန်နဲ့ ပြန်လွှတ်လာတာပါ။

ထိုင်းတရားရေးဌာနက အသက် ၇၄ နှစ်အရွယ် သက်ဆင်င်ကို အသက်အရွယ်ကြီးမြင့်မှု၊ ကျန်းမာရေးအခြေအနေ ဆိုးရွားနေမှုတို့ကြောင့် သက်ညှာတဲ့အနေနဲ့ ခံဝန်နဲ့ ထောင်ကနေ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *