Bi-2  ရုရှားစစ်ဆန့်ကျင်ရေး:ဂီတအဖွဲ့ ထိုင်းမှာ အဖမ်းခံရပြီး ပြည်နှင်ဒဏ်နဲ့ ရင်ဆိုင်နေရ

Bi- 2အဖွဲ့ဖျော်ဖြေနေပုံ
Photo Credit: Internet

ဘန်ကောက်၊ ဇန်နဝါရီ ၃၀

စစ်ဆန့်ကျင်ရေးအမြင်ရှိတဲ့ ရုရှား-ဘီလာရု ရော့ခ်ဂီတအဖွဲ့ဟာ  ထိုင်းနိုင်ငံမှာ ဖျော်ဖြေပြီးတဲ့နောက်  ရုရှားနိုင်ငံကို ပြန်ပို့ခံရမယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့  ခြိမ်းခြောက်တာကို ခံနေရတယ်လို့  တက်ကြွလှုပ်ရှားသူတွေ က ပြောပါတယ်။

မော်စကိုကို  ဝေဖန်ခံခဲ့တဲ့  တီးဝိုင်းအဖွဲ့သား ခုနစ်ယောက်ကို ရုရှားပို့လိုက်ရင်  နှိပ်စက်ညှဉ်းပန်းခံရမှာ သေချာနေတာမို့   Bi-2 ကို နှင်မထုတ်ဖို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

သူတို တီးဝိုင်ဟာ ရုရှားကမ္ဘာလှည့်ခရီးသည်ထောင်ပေါင်းများစွာ လာရောက်လည်ပတ်နေတဲ့ ဖူးခက် အပန်းဖြေကျွန်း မှာ ခွင့်ပြုချက်မရှိဘဲ ဇန်နဝါရီ ၂၆ရက်မှာ ရှိုးပွဲလုပ်ခဲ့တယ်လို့လည်း အာဏာပိုင်တွေဘက်က ပြောပါတယ်။

 လတ်တလောမှာတော့ တီးဝိုင်းတစ်ဖွဲ့လုံးကိုဘန်ကောက်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 ထိုင်းအာဏာပိုင်တွေ ဘက်ကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး  လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိ့သလို BBC ရဲ့  မေးခွန်းတွေကို တုံ့ပြန်တာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

 ဇန်နဝါရီ ၂၆ ရက်က ခွင့်ပြုချက်မရရှိဘဲ ဖျော်ဖြေမှုမှာ ပါဝင်မိလို့ အပြစ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ပြည်နှင်ဒဏ်ပေးခံရတာလို့ သူတို့အဖွဲ့ရဲ့  တရားဝင် Facebook စာမျက်နှာမှာ  တင်ခဲ့ကြပါတယ်။ ဖောက်ဖျက်မှုအတွက် ဒဏ်ငွေလည်း ပေးဆောင်ခဲ့ရသေး တယ်လို့ သိရပါတယ်။

အဖွဲ့ဝင်ခုနစ်ဦးထဲမှာ  သြစတြေးလျ၊ အစ္စရေးနိုင်ငံသားနှစ်ယောက် နဲ့ ရုရှားနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ အကြမ်းဖျဥ်း သိရပါတယ်။

Bi-2 ရော့အဖွဲဟာ ၁၉၈၈ခုနှစ်က စဖွဲ့စည်းခဲ့တဲ့ အောလတာနေးတစ်ဖ်ရော့ခ် အဖွဲတစ်ဖွဲဖြစ်သလို နှစ်စဥ် ဥရောပ တစ်ဝှမ်းအပါအဝင် ကမ္ဘာပတ်ဖျော်ဖြေနေရတဲ့ အဖွဲ့တစ်လည်း ဖြစ်ပါတယ်။

Ref:BBC

ပုံစာBi-2 အဖွဲ့ရဲ့ ဖျော်ဖြေဟန်

Feature Image Credit: Internet

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *