စင်္ကာပူ၊ ဧပြီ ၃၀
မိန်းကလေးကေပေါ့ပ်အဖွဲ့ BabyMonster ဟာ သူတို့ရဲ့ ပွဲဦးထွက် အယ်လဘမ်ကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာမှာ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့အပြီး မကြာခင်မှာပဲ စင်ကာပူမှာ သူတို့ရဲ့ ပထမဆုံးပရိသတ်တွေ့ဆုံပွဲ See You There ကို ဇွန်လ ၁၅ ရက်နေ့မှာ ပြုလုပ်သွားဖို့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။
သူတို့ အဖွဲဟာ Batter Up ဆိုတဲ့ သီချင်းနဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သီချင်းထွက်အပြီး အဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Ahyeon ဟာ အဖွဲကနေ ခဏ အနားယူခဲပြီး အခု ဧပြီ ၁ရက်နေ့မှာ အဖွဲနဲ့ ပြန်ပြီး ပူးပေါင်း ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆို အဖွဲဝင် ခုနှစ်ယောက်လုံး စုံစုံညီညီ ရှိနေကြပြီဖြစ်ပါတယ်။
ခုဆို စင်္ကာပူက ပရိသတ်တွေဟာ Ruka၊ Pharita၊ Asa၊ Ahyeon၊ Rami၊ Rora နဲ့ Chiquita တို့အားလုံး ဟာ ဒီဇွန်လ ၁၅ရက်အရောက်မှာတော့ The Star Theatre ခန်းမကြီးထဲမှာ တစ်စုတစ်ဝေးတည်း ပရိသတ်နဲ့ တွေ့ဖို့ အသင့် ဖြစ်နေပြီလို့ သိရပါတယ်။
တစ်ယောက်ချင်းစီအတွက် ဝင်ကြေးကတော့ စင်္ကာပူဒေါ်လာ ၁၀၈ သတ်မှတ်ထားတယ်လို့ လည်း သိရပါတယ်။
Ref: CNA
ပုံစာ။ BabyMonster အဖွဲကို တွေ့ရပုံ
Feature Image credit: Instagram/babymonster_ygofficial



