မြန်မာနိုင်ငံနဲ့ စီးပွားရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ဖို့ရာ လာရောက် ခြင်းဖြစ်

ဓါတ်ပုံ။ Global New Light Of Myanmar
ရန်ကုန်၊ မေ ၂-၃
ASEAN- BAC ( အာဆီယံ စီးပွားရေး အကြံပေးကောင်စီ) ဥက္ကဌ M. Arsjad Rasjid P.M. ဦးဆောင်တဲ့ အဖွဲ ဟာ မေလ ၁ရက်ကနေ ၃ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ခရီးစဥ်ရဲ့ ကနဦးရည်မှန်းချက် ကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံကို ဗဟိုပြုတဲ့ စီးပွားရေးကဏ္ဍတွေ တိုးတက်မြင့်မားလာစေဖို့သာမက အာဆီယံနဲ့ မြန်မာနိုင်ငံတို့ နက်နဲတဲ့ ပေါင်းစည်းချိတ်ဆက်မှုတွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
အခုခရီးစဥ်ဟာ ASEAN-BAC Roadshowရဲ့ အစီအစဥ်ထဲက တစ်ခု ဖြစ်သလို မြန်မာနိုင်ငံမတိုင်မီ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ကမ္ဘောဒီးယား၊ဘရူနိုင်း စတဲ့ နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ အဓိ ကဦး စားပေး ကဏ္ဍငါးခုက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေး၊ ကျန်းမာ ရေးဒဏ်ခံနိုင်မှု တိုး တက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး နဲ့ ကုန်သွယ်မှုကူညီဆောင်ရွက်ပေးရေး စတာတွေပဲ ဖြစ်ပါတယ်။
ASEAN- BAC အဖွဲ့ဟာ မေလ ၂ရက်နေ့က ASEAN-BAC အဖွဲ့ဝင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမမှာ စီးပွားရေး ဖိုရမ် တစ်ခု ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
မေလ ၃ရက်နေ့မှာတော့ မြန်မာ့မိုးသောက်မီဒီယာက ASEAN-BAC ဥက္ကဌ M. Arsjad Rasjid P.M. နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။ တွေ့ဆုံ မေးမြန်းခဲ့တဲ့ အကြောင်းအရာအပြည့်အစုံကိုတော့ မူရင်း အမေးနဲ့ အဖြေများအတိုင်း အင်္ဂလိပ်ဘာသာနဲ မကြာခင် ထပ်မံဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။