
(Courtesy of Memorial Sloan-Kettering Cancer Center)
၂၀၂၂ ဇွန်လ အစောပိုင်းက ထုတ်ဝေခဲ့တဲ့ ဝါရှင်တန်ပို့စ် သတင်းစာမှာတော့ ကင်ဆာဝေဒနာရှင်တွေအတွက် အားတက်စရာသတင်းတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။
စမ်းသပ်မှုကနေထွက်ပေါ်လာတဲ့ ကနဦးရလဒ်အရ စအိုကင်ဆာ အဆင့်(၁) ဝေဒနာရှင် ၁၄ဦး ကို စမ်းသပ်ကုသခဲ့ရာ ၁၀၀ရာခိုင်နူန်းအပြည့် အောင်မြင်ပြီး လူနာ ၁၄ဦးစလုံးရဲ့ ကင်ဆာ အဖုအကျိတ်တွေ အားလုံးကို ဖယ်ရှားပစ်လိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအောင်မြင်မှုက ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ကင်ဆာသုတေသနအသိုင်းအဝိုင်းကို ငလျင်တစ်ခုလို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။
နယူးအဂ်လန်ဆေးပညာဂျာနယ်မှာ ပထမဆုံးဖော်ပြခဲ့တဲ့ အဆိုပါ စမ်းသပ်အောင်မြင်မှု့နဲ့ ပတ်သက်ပြီး အူမကြီးကင်ဆာသုတေသန လောက ကလည်း အားတက်စရာ အောင်မြင်မှုလို့ ပြောဆိုနေကြပြီး အခြားကင်ဆာဝေဒနာရှင်တွေအတွက် အထွတ်အထိပ် စမ်းသပ်အောင်မြင်မှု တစ်ခုလို့ ချီးကျူးထောပနာ ပြုနေကြပါတယ်။
နယူးယောက်အခြေစိုက် Memorial Sloan Kettering ကင်ဆာစင်တာရဲ့ ကင်ဆာရောဂါဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ အန်ဒရေရာ ဆာစက် က “ကင်ဆာ အကျိပ်တွေ ခုလို ပြန်ပျောက်သွားတဲ့ လူနာမျိုး အရင်က မမြင်ဖူးခဲ့ဘူး” ပြောပါတယ်။
စမ်းသပ်အောင်မြင်ခဲ့တဲ့ ကုထုံးသစ်အရ အကြောထဲ dostarlimab ကို ကိုးကြိမ်အထိသွင်းပေးရပါတယ်။ ခြောက်လအကြာမှာတော့ အကျိတ်အဖုတွေနေရာမှာ ချောမွေ့နေတဲ့ ပန်းရောင်တစ်ရူးစတွေကို တွေ့ရပါတယ်။ ဒီနောက်တော့ စကင်ဖ်ဖတ်ကြည့်တဲ့ လုပ်ငန်း၊ အသားစနမူနာယူ စမ်းသပ်တဲ့ လုပ်ငန်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ စမ်သပ်မှုတွေ လုပ်အပြီးမှာတော့ စမ်းသပ်ကုသခဲ့တဲ့ လူနာ ၁၄ယောက်စလုံးမှာ ကင်ဆာလက္ခဏာာ လုံးဝ ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။ “ ဒီလိုမျိုးက ကင်ဆာရောဂါဗေဒလောက မှာ တစ်ခါမှ မရှိခဲ့ဘူး” လို့ ဆာစက် ကပဲ ဆက်ပြောပါတယ်။ ဒါ့အပြင် လူနာ ၁၄ယောင်လုံး ကီမိုသွင်းရတာမျိုး၊ ခွဲစိတ်ရတာမျိုး ဘာ တစ်ခုမှ မလုပ်ရဘဲနဲ့ကို ဒီလို အံ့ဘွယ်ရလဒ်ကောင်း ရခဲ့ တာလို့လည်း ပြောပါတယ်။ ပို ထူး ခြားတာက ဆေးရဲ့နောက်ဆက်တွဲ ဆိုးကျိုးလက္ခဏာ ဘာတစ်ခုမှာ မရှိဘူးလို့လည်းဆိုပါတယ်။ ကုသနေဆဲ လူနာလေးယောက် ကျန်နေသေးပေမယ့် သူတို့လည်း ရလဒ်ကောင်းတွေ ပြနေတယ်လို့ သိရပါတယ်။ အသက်၄၁နှစ်အရွယ် ကင်ဆာ နဲ့ တိုက်ပွဲဝင်နေတဲ့သူ တစ်ဦးဖြစ်တဲ့ ရို့သ် က” ကျမအဖေက ၁၉၉၉ခုနှစ်မှာ ဦးနှောက်ကင်ဆာနဲ့ ဆုံးပါးသွားခဲ့ရပြီး လက်ရှိမှာလည်း မိခင်ဖြစ်တဲ့သူကလည်း ကင်ဆာ ဝေဒနာနောက်ဆုံးအဆင့် ခံစားနေရသူတစ်ပေါ့ရှင်… ခုလို စမ်းသပ်အောင်မြင်မှုတွေ အတွက်ဝမ်းသာတယ် ဒါ ကျမတို့အတွက် ကောင်းမွန်တဲ့ အနာဂတ်အသစ်တစ်ခု ဖြစ်လာမှာပါ ဒီဟာက ကင်ဆာအားလုံးအတွက် မျှော်လင့်ချက်” လို့ သူ့ရဲ့ခံစားချက် သူ့ရဲ့အမြင် ကို ပြောပြသွားခဲ့ပါတယ်။
Ref: The Washington Post