နိုင်​ငံ​ကျော်​အဆို​တော်​​လေးဖြူ ဒုလ္လဘ ရဟန်းခံခဲ့

နိုင်​ငံ​ကျော်​အဆို​တော်​​လေးဖြူဟာ သူကိုယ်​တိုင်​​ဆောက်​လုပ်​လှူဒါန်းထားတဲ့ သိမ်​​တော်​ မှာ စက်​တင်​ဘလ၁၇ရက်​​နေ့ မွန်းလွဲ၂နာရီကဒုလ္လဘ ရဟန်းခံခဲ့တယ်​လို့ ဓမ္မဂုဏ်ရည်ဆရာ တော် – ရွှေပြည်သာရဲ့ လူမှုကွန်​ယက်​စာမျက်​နှာမှာ မျှ​ဝေထားပါတယ်​။

လေးဖြူ ရဟန်းခံခဲ့တာနဲ့ပတ်​သက်​ပြီး ဓမ္မဂုဏ်ရည်ဆရာတော်ရွှေပြည်သာက”သူဆောက်လုပ်လှူဒါန်းထားတဲ့30 × 40 ပေ သုံးထပ် သာသနာ့ဝိပုလကာရိနီသိမ်တော် မှာ ဒီနေ့ မွန်းလွဲ၂နာရီမှာ မြင့်မြတ်သောပဗ္ဗဇ္ဇိတဘာဝဒုလ္လ ဘ ရဟန်းအဖြစ်ခံယူခွင့်ရရှိခဲ့ပါတယ်။ဘွဲ့ မည်သညာ ခေါ်စရာကား ဦးဝိဝေက။လွန်ခဲ့တဲ့ ၁၃၇၂ ခုနှစ် သူရဲ့သိမ်ကျောင်းရေစက်ချမှာဝတ်ဖို့တိုက်တွန်းခဲ့သော်လည်း အခုချိန်ရောက်မှသာသူ့စိတ်ဆန္ဒနဲ့သူ စိတ်ပါလက်ပါ သာသနာ့ဘောင်ဝင်ရောက်လာခဲ့ခြင်းပါ”လို့ လူမှုကွန်​ယက်​စာမျက်​နှာမှ မှ​ဝေထားပါတယ်​။

ဆက်​လက်​ပြီး ဆရာ​တော်​က “လူဆိုတာသူ့အရွယ်နဲ့လိုက်ဖက်သော လုပ်ဆောင်မှုတွေရှိရ မှာဖြစ်သလို အရွယ်နဲ့လိုက်ဖက်သော ဆင်ချင် တွေးတောမှုတွေလည်း မဖြစ်မနေရှိဖို့လို အပ်ပါတယ်။အသက်သာကြီးလာတယ်။နေ ထိုင်ပုံ ပြောဆိုပုံ အသိအလိမ္မာဥာဏ်ပညာတွေကကြီးမလာဘူးဆိုရင် အသက်ကြီးလာရတာတန်ဖိုးမဲ့ဖြစ်တတ်ပါတယ်။ဘာပဲဖြစ်ဖြစ်မိမိရဲ့ပစ္စည်းလေးပါးဒကာတွေထဲကတစ်ဦးဖြစ်တဲ့ ဦးလေးဖြူ အခုလို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ စိတ်ပါလက်ပါ သာသနာ့ဘောင်ဝင်ရောက်လာတာကို လွန်စွာပီတိဖြစ်ရပါ တယ်။သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်းဘာသာရေးအလးထားတဲ့ ဦးလေးဖြူကြီး အခုလိုသာသနာ့ဘောင်ဝင်ရောက်နေခြင်းကိုကြည်နူးဝမ်းသာ ပီတိဖြာ နေကြမှာပါပဲ´´လို့​မိန့်​ကြားခဲ့ပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *