အမေရိကန်ပြည်ထောင်စု ကာလီဖိုး နီးယားပြည်နယ်ရှိ စိန့်ဟေလေနာလူ ထုစာကြည့်တိုက်ကို လွန်ခဲ့တဲ့ရက်ပိုင်းက သမိုင်းပညာရှင် ဘင်ဆင်လော့ဆင်း ရေးသားပြုစုပြီး ၁၈၈၁ခုနှစ်ကထုတ်ဝေတဲ့ အမေရိကန်ပြည်ထောင်စုသမိုင်းစာအုပ်ကို ပြန်လာအပ်ခဲ့ပါတယ်။
လာအပ်တဲ့လူက ဘယ်သူဘယ်ဝါဆိုတာ တော့ စာကြည့်တိုက်ဝန်ထမ်းတွေ မသိ လိုက်ကြဘူး။ ပြီးမှ စာအုပ်ပြန်အပ် ရမယ့်ရက်စွဲကို ကြည့်လိုက်တော့ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်လို့ တွေ့လိုက် ရတယ်။ လွန်နေခဲ့တဲ့ရက်တွေတွက်မလို့ ကြည့်လိုက်တာ နှစ်နဲ့တွက်ရင်ကို ၉၆ နှစ်ရှိနေတာတွေ့ရတယ်။
စာကြည့်တိုက်မှူးတွေကအစ ညွှန်ကြား ရေးမှူးအဆင့်အထိအဲဒီစာအုပ်အကြောင်းသိရပြီးတော့ အရမ်းအံ့အားသင့်ခဲ့ရတယ်။ ၂၀၁၉ခုနှစ်ကတည်းက စိန့်ဟေလေနာ စာကြည့်တိုက်က ရက်လွန်ကြေးကောက်ယူ
ခြင်းမရှိတော့လို့ အဲဒီစာအုပ်အတွက် ရက်လွန်ကြေးပေးစရာမလိုတော့ပါဘူး။ အရင်တုန်းက နှုန်းထားအတိုင်းသာ ရက်လွန်ကြေးကောက်မယ်ဆိုရင် ဒေါ်လာ ၁၇၅၆ပေးရပါလိမ့်မယ်။ ရက်လွန်ကြေးကောက်ခံစရာမလိုပေမယ့် စာကြည့်တိုက်မှူးတွေကတော့ စာအုပ်လာ အပ်သွားတဲ့လူ ဘယ်သူလဲဆိုတာ စိတ်ဝင် စားနေကြလေရဲ့။
Ref: Skynews