
Photo Credit: EPA
ဆစ်ဒနီ၊ ဩဂုတ် ၂၀
ဩစတြေးလျ နိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့ က ပူးတွဲအိမ်ရှင်အနေနဲ့ ကျင်းပခဲ့တဲ့ ၉ကြိမ်မြောက်အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ ဩဂုတ်လ ၂၀ရက်နေ့က အောင်မြင်ပြီးဆုံး ခဲ့ပြီ ဖြစ်ပြီး စပိန်အသင်းက ပြိုင်ပွဲသမိုင်းမှာ ပထမဆုံး ချန်ပီ ယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နောက်ဆုံး ဗိုလ်လုပွဲကြီးကို ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က Stadium Australia အားကစား ကွင်းကြီးမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ပရိသတ် ၇၅၀၀၀ကျော် လာပြီး အားပေးကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်လုပွဲစဉ် တစ်လျှောက်လုံး စပိန်အသင်းကပဲ အချိတ်အဆက်မိမိနဲ့ ပြိုင်ဘက် အင်္ဂလန်အသင်းကို တိုက်စစ်ဆင် ကစား နိုင်ခဲ့ပြီး ပွဲချိန် ၂၉မိနစ်အရောက်မှာတော့ စပိန်လာလီဂါ ရီးယဲ မက်ဒရစ်မှာ ကစားနေတဲ့ စပိန်လက်ရွေးစဉ် နောက်ခံ ကစားသမား အိုလ်ဂါ ကာမိုနာ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ကမ္ဘာ့ဖလားကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ ပါတယ်။
အခုကျင်းပပြီးစီးသွားတဲ့ ၉ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဩစတြေးလျနိုင်ငံ နဲ့ နယူးဇီ လန်နိုင်ငံ တစ်ဝှမ်းက နေရာ ၁၀ခုမှာ ဇူလိုင် ၂၀ရက်ကနေ ဩဂုတ်လ ၂၀ရက်နေ့ အထိ ကျင်းပသွားခဲ့ တာပဲ ဖြစ်ပါတယ်။
Ref: CNN
Feature Image Credit: EPA