
photo Credit: Saeed KHAN / AFP.
နယူးဇီလန်၊ ဇူလိုင် ၂၀
ဩစတြေးလျ နိုင်ငံနဲ့ နယူးဇီလန်နိုင်ငံ တို့ မှာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၉ကြိမ်မြောက်အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဒီနေ့ ဇူလိုင် ၂၀ရက်မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံ နဲ့ နယူးဇီလန်နိုင်ငံတစ်ဝှမ်းက နေရာ ၁၀ခုမှာ ဒီနေ့ ဇူလိုင် ၂၀ရက်ကနေ ဩဂုတ်လ ၂၀ရက်နေ့ အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
ဒီနှစ်အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ အရင် ၂၄သင်းသာ ပါဝင်ယှဥ်ပြိုင်နေရာက ဒီနှစ် ၂၀၂၃မှာ ၃၂သင်း အထိ ဝင်ရောက်ယှဥ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။ ဒိအတွက် ပွဲစဥ်တစ်လျှောက်လုံး ဗိုလ်လုပွဲအပါအဝင် ၆၄ပွဲအထိ ယှဥ်ပြိုင်သွားကြမှာလည်း ဖြစ်ပါတယ်။
အဖွင့်ပွဲစဥ်အနေနဲ့ကတော့ နယူးဇီလန်အသင်းက နော်ဝေးအသင်းနဲ့ သြစတြေးလျအသင်းက အိုင်ယာလန်သမ္မတနိုင်ငံနဲ့ ရင်ဆိုင်တွေ့နေပါတယ်။
အဖွင့်ပွဲစဉ်ကိုတော့ ဒီနေ့ ဇူလိုင် ၂၀ရက်မှာ နယူးဇီလန်က အော့ကလန်မှာရှိတဲ့ အေဒင်ပတ်ခ်မှာ နော်ဝေးအသင်းနဲ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဆစ်ဒနီ အိုလံပစ်အားကစား ကွင်း ကြီးမှာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
၂၀၁၉ခုနှစ်က ကျင်းပခဲ့တဲ့ ၈ကြိမ်မြောက် ပွဲမှာ အမေရိကန်အသင်းက ဗိုလ်စွဲထားခဲ့ပါတယ်။
Ref:CNN, Wikipedia
Feature Image: ၂၀၂၃ အမျိုးသမီးကမ္ဘာဖလား ဖွင့်ပွဲ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေပုံ
Photo Credit: Buda Mendes/Getty Images )



