၈မိုင်တံတားအဆင်းနားမှာ စက်ဘီးနဲ့ကားတိုက်မိပြီး စက်ဘီးစီး ဆုံးပါး

၂၅ ဇန်နဝါရီ၊၂၀၂၄

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ပြည်လမ်းမပေါ်၈မိုင်တံတားအဆင်းနား မှာ ဇန်နဝါရီလ၂၄ရက်နေ့ည​နေပိုင်းအချိန်က ဘက်ထရီစက်ဘီးနဲ့ ကားတိုက်မူဖြစ်ပွားပြီး စက်ဘီးစီးလာသူအမျိုးသားတဦးသေဆုံးခဲ့ရတယ်လို့ အနီးနားဝန်းကျင်နေသူတွေဆီက သိရပါတယ်။

“ကူညီသူတွေရောက်လာပေမယ့်ဒါဏ်ရာပြင်းထန်လို့ အသက်မမီဘူး၊ရေပိုက်ပစ္စည်းကို စက်ဘီးနဲ့သွားဝယ်ပြီး အပြန်တိုက်မိတဲ့ပုံစံပဲ”လို့အနီးနားရောက်ခဲ့သူတဦးက ပြောပါတယ်။

သေဆုံးသူရုပ်အလောင်းကို မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)က ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *