ပိုလန်နိုင်ငံမြောက်ပိုင်းမှာ ၂၂မိုင်ရှည် လျားပြီး ဟဲလ် လို့အမည်ရတဲ့ ကျွန်းဆွယ် တစ်ခုရှိတယ်။ ဘောလ်တစ်ပင်လယ် ကမ်းရိုးတန်းတလျောက်မှာ အလှပဆုံးနေရာလို့ ခရီးသွားဧည့်သည်အများစုက ချီးကျူးလေ့ရှိကြပါတယ်။
ပိုလန်ကုန်းတွင်းပိုင်းဒေသကနေ ဟဲလ် ကျွန်းဆွယ်ကိုသွားရောက်လည်ပတ်မယ့် အပန်းဖြေဘတ်စ်ကားခရီးစဉ်အတွက် လက်မှတ်ရောင်းတဲ့အခါ ဟဲလ်(ငရဲ)ကို ၆၆၆နဲ့ ပျော်ပျော်ပါးပါး သွားကြပါစို့လို့ ခရီးသွားလာရေးကုမ္ပဏီက အဆန်းထွင် ကြော်ငြာလိုက်ရာကနေ လူတွေပိုစိတ်ဝင် စားပြီး ဆက်သွယ်ကြလို့ ပိုလန်တစ်နိုင် ငံလုံးမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။
နောက်တော့ ပြည်တွင်းဘာသာရေးခေါင်း ဆောင်တွေက ဝင်ဖျက်ကြတယ်။ ၆သုံလုံး ပေါင်းထားတဲ့ ၆၆၆ ဟာ စေတန် မာရ်နတ် ရဲ့ဂဏန်းဖြစ်တယ်။ ၆၆၉လို့ပြင်ပေးရမယ် လို့ ဖိအားပေးတာကြောင့် နောက်ဆုံးမှာ ပြင်ပေးလိုက်ရတယ်။
Ref: Skynews