စင်္ကာပူ၊ ဩဂုတ် ၁၇
စင်္ကာပူမှာနေထိုင်တဲ့ မိခင်တစ်ယောက်ဟာ အသက်၆နှစ်အရွယ်သားဖြစ်သူကို အကျင့်ပျက်နေလို့ ဆိုပြီး ခါးပတ်နဲ့ အကြိမ် ၁၀၀ကျော် ရိုက်နှက်ခဲ့တဲ့အပြင် ကန်ကျောက်တာ ကြိုးနဲ့ တုတ်ထားတာ စတဲ့ ပြင်းထန်တဲ့ နှိပ်စက်မှုတွေ လုပ်ခဲ့မိတာကို ကာယကံရှင်မိခင် ကိုယ်တိုင်က ဝန်ခံလိုက်တယ်လို့ ဩဂုတ်လ ၁၇ရက် စီအန်အေ သတင်းမှာ ဖော်ပြပါတယ်။
အခင်းဖြစ်ပြီးတဲ့နောက် ဆရာဝန်ရဲ့ စစ်ချက်အရ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အနှံ့မှာ ပွန်းပဲ့ဒဏ်ရာ ၅၀ ကျော် တွေ့ခဲ့တယ်လို့ သိရပါတယ်။
ကလေးငယ်ကို မိခင်ကိုယ်တိုင် ဆရာဝန် ဆီကို ခေါ်သွားပြီး ဒဏ်ရာတွေကို ဆေးကုခဲ့ပေမယ့် ဖြစ်စဥ် အမှန်ကို ဖုံးကွယ်ခဲ့ပြီး သူ့ရဲ့ ချစ်သူအမျိုးသားက သားဖြစ်သူကို ရိုက်နှက်ခဲ့တာ ဆိုပြီး လိမ်ညာခဲ့တယ်လို့ ဆိုပါတယ်။
ကျူးလွန်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ ဒီနေ သြဂုတ်လ (၁၇) ရက်နေ့မှာတော့ သူရဲ့ အပြူအမူဟာ ကလေး သူငယ် ညှင်းပန်းနှိပ်စက်မှု၊ ကလေးသူငယ်ဆိုင်ရာ အက်ဥပဒေတွေအရ အပြစ်ရှိပါတယ်လို့ ၀န်ခံထွက်ဆိုခဲ့ပါတယ်။။
ဝန်ခံခဲ့တဲ့ အမျိုးသမီးဟာ သူပြစ်မှု ကျူးလွန်ခဲ့တဲ့ အချိန် ၂၀၂၂ခုနှစ်တုန်းက အခြားဆွေမျိုးတွေနဲ့အတူတကွ နေထိုင်ခဲ့ တာ လို့လည်း သိရပါတယ်။
အမှုစစ်နေချိန်မှာ ရိုက်နှက်ခံရတဲ့ ဗီဒီယိုဖိုင်ကို တရားခွင်မှာ ပြသခဲ့ပေမယ့် ပြသချိန်မှာတော့ အများပြည်သူနဲ့ မီဒီယာတွေကို တရားခွင်ထဲက ယာယီထွက်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ကျူးလွန်တဲ့ အမျိုးသမီးဟာ ထောင်ဒဏ် ရှစ်နှစ်အထိ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၈၀၀၀ စတဲ့ ပစ်ဒဏ်တွေကို သီးခြားစီဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံရဖို့ ရှိနေတယ်လို့ တရားခွင်ကနေတဆင့် သိရပါတယ်။
Ref:CAN
Feature Image Credit: CNA/Marcus Mark Ramos