၄၃ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးရဲ့ တူညီဆန္ဒ(၅)ချက် အကောင် အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်း ဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံး ဖြတ်ချက်များကို မြန်မာနိုင်ငံကကန့်ကွက်

၄၃ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးရဲ့ တူညီဆန္ဒ(၅)ချက် အကောင် အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်း ဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံး ဖြတ်ချက်များကို မြန်မာနိုင်ငံကကန့်ကွက် တယ်လို့ စက်တင်ဘာလ၅ရက်နေ့ နစကရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန် ယက်စာ မျက်နှာမှာ“အာဆီယံ အ လှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီး ရှားနိုင်ငံမှ ဖော်ပြပါထုတ်ပြန်ချက် (မူ ကြမ်း) အား မြန်မာနိုင်ငံနှင့် ဆွေးနွေး ညှိ နှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ အမြင် နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်း မဖော်ပြဘဲ လစ်လျူရှူခဲ့သည်။

သို့ပါ၍ မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံ

ခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသဘော မဆောင် သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များ ပါရှိသည့် တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်မှုဆိုင် ရာ အာဆီယံခေါင်းဆောင်များ၏ ပြန် လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် အပေါ် ကန့်ကွက်သည်´´ လို့ ဖော်ပြထား ပါတယ်။

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *